Dream Team (2008)

ဒီတစ်ခေါက်မှာတော့ sport-comedy ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
တစ်နေ့မှာ ဘတ်ဆိုတဲ့ ဘောလုံးနည်းပြတစ်ယောက်ဟာ ဆရာမနူလေ့ခ်ရဲ့တောင်းဆိုချက်တစ်ခုကိုလက်ခံခဲ့ပါတယ်။
တောင်းဆိုချက်ကတော့ မူလတန်းကျောင်းသားလေးတွေရဲ့လွန်ဆွဲပြိုင်ပွဲနည်းပြလုပ်ပေးဖို့ပါ။
ဒါပေမဲ့ ပြိုင်ပွဲစည်းကမ်းအရ လူ ၉ ယောက်သာ ယှဉ်ပြိုင်ခွင့်ရှိပေမယ့် အသင်းမှာတော့ ၁၀ ယောက်ဖြစ်နေပါတယ်။
ဒီလိုနဲ့ နည်းပြဘတ်တစ်ယောက် ထုတ်ပယ်မဲ့ကျောင်းသားကိုတွေးရင်း ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အခက်အခဲတွေ အုပ်ထိန်းသူမိဘတွေရဲ့စောဒကတက်မှုတွေကြားဗျာများရပါတော့တယ်။
နည်းပြဘတ်တစ်ယောက် မူလတန်းကျောင်းသားတွေကြား ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။


Leave a Reply