Category: Movies
-

The Offing
The Offing (2025) ဒီရုပ်ရှင်ကားလေးကတော့ အတိတ်ရဲ့အရိပ်တွေဆီကနေ ထွက်ပြေးနေကြတဲ့ အမျိုးသမီးငယ်နှစ်ဦးရဲ့ခရီးလမ်းကို စိတ်ပိုင်းဆိုင်ရာဖိအားတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီဆန်ဆန်အငွေ့အသက်တွေကြားမှာ တင်ဆက်ထားတဲ့ Psychological, Thriller, Mystery, Drama ဇာတ်ကားကောင်းတစ်ခု ဖြစ်တာမလို့ ဇာတ်လမ်းဇာတ်ကွက်မပါဘဲရုပ်ရှင်ကိုခံစားရင်းကြည့်ချင်တယ်ဆိုရင်တော့ကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းအစမှာတော့ သူ့အဖေရဲ့ နိုင်ငံရေးနောက်ကွယ်က အရှုပ်တော်ပုံတွေကြောင့် ထွက်ပြေးနေရတဲ့ ဖရေယာနဲ့ ရှေးရိုးစွဲအသိုင်းအဝိုင်းတစ်ခုကနေ လွတ်မြောက်ဖို့ကြိုးစားနေတဲ့ နဗီးယားတို့ဟာ အက်ဂနက် (Agnes) ပိုင်ဆိုင်တဲ့ လယ်တောခြံလေးတစ်ခုမှာ ဆုံတွေ့ခဲ့ကြပါတယ်။ မတူညီတဲ့အတိတ်တွေနဲ့ ဖိအားတွေအောက်ကနေ ရုန်းထွက်ချင်တဲ့သူတို့နှစ်ယောက်ဟာ ဖရေယာရဲ့ Caravan ကားလေးနဲ့အတူ စွန့်စားခန်းခရီးတစ်ခုကို အတူတူစတင်လိုက်ပါတော့တယ်။ သူတို့ရဲ့ခရီးလမ်းဟာ ပျော်စရာကောင်းသလိုနဲ့စတင်ခဲ့ပေမယ့် ဖရေယာကလည်း ကိုယ်နဲ့မကွာ သူ့အဖေရဲ့လျှို့ဝှက်ချက်တွေပါနဲ့ USB ကိုဆောင်ထားရပြီး နဗီးယားကလည်း ဖြစ်လာမှာတွေကို ကြိုမြင်နေရတာကြောင့် သူတို့ကြားမှာ တင်းမာမှုတွေဖြစ်ပေါ်လာပြီး ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။
-

Badass Girl
Badass Girl (2025) Animation ချစ်သူများအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ ကိုးရီးယား Animation ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ – ဇာတ်လမ်းအကျဉ်း – နာအယ်ရီကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အပြေးလောကကို စိုးမိုးထားတဲ့ နိုင်ငံ့ကိုယ်စားပြု လူငယ် တာတိုအပြေးသမားတစ်ဦးပါ။ ဒါပေမယ့် အယ်ရီရဲ့ အောင်မြင်မှုတွေကြား အရိပ်လိုလိုက်နေတဲ့ အတိတ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ အယ်ရီ့ကို တစ်ကြိမ်တစ်ခါတည်း ရှုံးနိမ့်အောင် လုပ်ခဲ့ဖူးတဲ့ ရွှေတံဆိပ်ဆုရှင်ဟောင်း ဟာနီပါပဲ။ ဒီလိုနဲ့ အယ်ရီက ဟာနီ့နည်းပြရဲ့လက်အောက်မှာ သင်ယူရဖို့အတွက် ဘစ်နာရီအထက်တန်းကျောင်းကို ကျောင်းပြောင်းဖြစ်သွားပြီး အဲဒီကျောင်းမှာ ဟာနီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်နေကြတဲ့ အယ်ရီနဲ့ ဟာနီတို့နှစ်ဦးက မြို့လယ်လမ်းကြားတွေထဲမှာ ယှဉ်ပြိုင်ရတဲ့ “S-RUN” ဆိုတဲ့ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲလေးမှာ တစ်သင်းတည်းအနေနဲ့…
-

Last Days
Last Days (2025) မိမိရဲ့ ဘဝဦးတည်ရာက ဘုရားသခင်ပဲဖြစ်ရမယ်လို ကြုံးဝါးခဲ့တဲ့ သာသနာပြုဆရာလေးဂျွန်…။ သူဟာ ဆရာဝန်ဖြစ်စေချင်တဲ့ အဖေ့ဆန္ဒကို လွန်ဆန်ပြီး သူ့အိပ်မက်နောက်ကို လိုက်နိုင်ဖို ကြိုးစားခဲ့တယ်။ တစ်နေ့မှာ အစိုးရတွေကတောင် ဝင်ခွင့် တားမြစ်ထားတဲ့ အိန္ဒိယကျွန်းတစ်စုက လူတွေကို သာသနာပြုနိုင်ဖိုအတွက်ဆိုတဲ့ အိပ်မက်ကို လက်စွဲကိုင်ထားရင်းပေါ့။ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တကယ်ပဲ အဲဒီလူမျိုးတွေအပေါ်ထားတဲ့ စိတ်ကောင်းစေတနာကြောင့်လား၊ ကိုယ့်ကိုယ်ကိုယ် ရှာမတွေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲဆန်မှုတစ်ခုရယ်လား….။
-

A Woman with No Filter
A Woman with No Filter (2025) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဘရာဇီး ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘီရာဟာ Mina+ ဆိုတဲ့ အွန်လိုင်း မဂ္ဂဇင်းကုမ္ပဏီတစ်ခုရဲ့ အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင်ဘဝမှာလည်း ခန့်ညားချောမောတဲ့ ပန်းချီဆရာခင်ပွန်းကို ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။ ဒါအပြင် ညီမလေးတစ်ယောက်နဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါရှိပါသေးတယ်။ အများအမြင်မှာလည်း ဘီရာဟာ ချိုသာတယ်၊ ကြင်နာတတ်တယ်၊ သိမ်မွေ့တယ်ဆိုပြီး သတ်မှတ်ခံရပါတယ်။ အပြင်ပန်းက ကြည့်လိုက်မယ်ဆိုရင်တော့ ဘီရာရဲ့ဘဝဟာ အားလုံးအားကျရပြီး ဘက်ပေါင်းစုံက ပြည့်စုံသယောင်ရှိနေပေမဲ့ တကယ်တမ်းမှာတော့ အများထင်သလို ဟုတ်မနေခဲ့ပါဘူး။ သူအလုပ်လုပ်တဲ့ မဂ္ဂဇင်းတိုက်ပိုင်ရှင် သူဌေးက လိင်ခွဲခြားဆက်ဆံတတ်တဲ့ ခေါင်းပုံဖြတ်သူဖြစ်နေပြီး ခန့်ညားလွန်းလှတဲ့ ပန်းချီဆရာ ခင်ပွန်းဆိုသူကလည်း ဘာအလုပ်မှမလုပ်ဘဲ ဘီရာ့ လုပ်စာကို ထိုင်စားနေတာပါ။ ညီမဖြစ်သူကလည်း တိချစ်သူဖြစ်တဲ့အလျောက် တစ်ချိန်လုံး ကြောင်တစ်ကောင်နဲ့ပဲအချိန်ကုန်နေပြီး…
-

Hunting Season
Hunting Season (2025) မင်းသားကြီး Mel Gibson ရဲ့ အမိုက်စား Action Thriller ကားသစ်လေး လာပါပြီ…. အသက်ကြီးပေမဲ့ ကြမ်းတမ်းခိုင်မာဆဲဖြစ်တဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်ချက်တွေကို ဒီဇာတ်ကားမှာပြန်လည် မြင်တွေ့ရမှာပါ… ဒီဇာတ်ကားကဟာ ဒါရုက်တာ RJ Collins ရိုက်ကူးထားတဲ့ အိုကလာဟိုးမားရဲ့ တောနက်ကြီးထဲမှာ နေထိုင်တဲ့ Bowdrie နဲ့ သူ့သမီးဖြစ်သူ Tag တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း တစ်နေ့မှာ Tag ဟာ တောအုပ်ထဲမှာ သေလုမျောပါးဖြစ်နေတဲ့ အမျိုးသမီးတစ်ဦး (January) ကို ရေချိုးတဲ့မြစ်ကမ်းဘေးမှာ တွေ့လိုက်ရပါတယ်။ January မှာသေနတ်ဒဏ်ရာတွေရထားတဲ့အတွက် Bowdrie က သူ့ကိုကယ်တင်ပြီး အိမ်မှာ ကုသပေးထားလိုက်ပါတယ်။ ပြုစုကုသနေစဉ်မှာပဲ January ကို လိုက်လံရှာဖွေနေတဲ့ ရက်စက်တဲ့…