Badass Girl

Badass Girl (2025)

Animation ချစ်သူများအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ ကိုးရီးယား Animation ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

– ဇာတ်လမ်းအကျဉ်း –

နာအယ်ရီကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အပြေးလောကကို စိုးမိုးထားတဲ့ နိုင်ငံ့ကိုယ်စားပြု လူငယ် တာတိုအပြေးသမားတစ်ဦးပါ။

ဒါပေမယ့် အယ်ရီရဲ့ အောင်မြင်မှုတွေကြား အရိပ်လိုလိုက်နေတဲ့ အတိတ်တစ်ခုရှိနေပါတယ်။

အဲဒါကတော့ အယ်ရီ့ကို တစ်ကြိမ်တစ်ခါတည်း ရှုံးနိမ့်အောင် လုပ်ခဲ့ဖူးတဲ့ ရွှေတံဆိပ်ဆုရှင်ဟောင်း ဟာနီပါပဲ။

ဒီလိုနဲ့ အယ်ရီက ဟာနီ့နည်းပြရဲ့လက်အောက်မှာ သင်ယူရဖို့အတွက် ဘစ်နာရီအထက်တန်းကျောင်းကို ကျောင်းပြောင်းဖြစ်သွားပြီး အဲဒီကျောင်းမှာ ဟာနီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။

တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်နေကြတဲ့ အယ်ရီနဲ့ ဟာနီတို့နှစ်ဦးက မြို့လယ်လမ်းကြားတွေထဲမှာ ယှဉ်ပြိုင်ရတဲ့ “S-RUN” ဆိုတဲ့ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲလေးမှာ တစ်သင်းတည်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်ရဖို့ အကြောင်းဖန်လာပြီး တက်သစ်စအပြေးသမားလေး ဂျူနာဘီနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါမှာတော့ ထာဝရပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အယ်ရီနဲ့ ဟာနီတို့က ပြေလည်မှု ပြန်ယူနိုင်ပါ့မလား…..

S-RUN ပြိုင်ပွဲမှာလည်း ဂျူနာဘီကို ကျော်ပြီး ဗိုလ်စွဲနိုင်ပါ့မလား… ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *