A Woman with No Filter

A Woman with No Filter

A Woman with No Filter (2025)

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဘရာဇီး ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဘီရာဟာ Mina+ ဆိုတဲ့ အွန်လိုင်း မဂ္ဂဇင်းကုမ္ပဏီတစ်ခုရဲ့ အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင်ဘဝမှာလည်း ‌ခန့်ညားချောမောတဲ့ ပန်းချီဆရာခင်ပွန်းကို ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။

ဒါအပြင် ညီမလေးတစ်ယောက်နဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါရှိပါသေးတယ်။

အများအမြင်မှာလည်း ဘီရာဟာ ချိုသာတယ်၊ ကြင်နာတတ်တယ်၊ သိမ်မွေ့တယ်ဆိုပြီး သတ်မှတ်ခံရပါတယ်။

အပြင်ပန်းက ကြည့်လိုက်မယ်ဆိုရင်တော့ ဘီရာရဲ့ဘဝဟာ အားလုံးအားကျရပြီး ဘက်ပေါင်းစုံက ပြည့်စုံသယောင်ရှိနေပေမဲ့ တကယ်တမ်းမှာတော့ အများထင်သလို ဟုတ်မနေခဲ့ပါဘူး။

သူအလုပ်လုပ်တဲ့ မဂ္ဂဇင်းတိုက်ပိုင်ရှင် သူဌေးက လိင်ခွဲခြားဆက်ဆံတတ်တဲ့ ခေါင်းပုံဖြတ်သူဖြစ်နေပြီး ခန့်ညားလွန်းလှတဲ့ ပန်းချီဆရာ ခင်ပွန်းဆိုသူကလည်း ဘာအလုပ်မှမလုပ်ဘဲ ဘီရာ့ လုပ်စာကို ထိုင်စားနေတာပါ။

ညီမဖြစ်သူကလည်း တိချစ်သူဖြစ်တဲ့အလျောက် တစ်ချိန်လုံး ကြောင်တစ်ကောင်နဲ့ပဲအချိန်ကုန်နေပြီး အချစ်ဆုံးသူငယ်ချင်းဆိုသူကလည်း သူ့ကိုယ်ပိုင်ပြဿနာတွေကလွဲရင် ဘီရာ့ပြဿနာတွေအခက်အခဲတွေကို နည်းနည်းလေးမှ နားမထောင်ပေးပါဘူး။

ဒီလို ဘဝ အခက်အခဲမျိုးစုံရင်ဆိုင်နေရပြီး စိတ်ဖိစီးမှုတွေနဲ့ကြုံနေရချိန် အွန်လိုင်းပေါ်က နာမည်ကြီး မိတ်ကပ် blogger မိန်းကလေးတစ်ဦးဟာ ဘီရာရဲ့ အထက်လူကြီးအဖြစ်နဲ့ ကုမ္ပဏီကိုရောက်လာခဲ့ပါတယ်။

အဲဒီမိန်းကလေးက ဘီရာကို မယ်တော်ဇာနာဆိုသူနဲ့သွားတွေ့ကြည့်ဖို့ အကြံပေးလိုက်တာကြောင့် ဘီရာလည်း မယ်တော်ဇာနာနဲ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲလိုသွားတွေ့ပြီးနောက်ပိုင်းမှာ ဘီရာဟာ အရင်ကနဲ့မတူတော့ဘဲ ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေကွာကျကာ ဘွင်းဘွင်းရှင်းရှင်းနဲ့ အရာရာကို တည့်တိုးပြောတတ်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ပြောင်းလဲသွားတဲ့ ပုံစံအသစ်၊ ဟန်မဆောင်ထားတဲ့ ပင်ကိုယ်ဟန်အစစ်နဲ့အတူ ဘယ်လိုမျိုး ပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Comedy ကားဖြစ်တဲ့အလျှောက် Dramaထဲမှာဟာသလေးတွေနှောပြီး ရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ဖို့အတွက် အဆင်ပြေတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *