7 Days to Hell (2025) JJ ဟာမတော်တဆခြေလှမ်းမှားရာကနေ ငရဲကိုရောက်သွားခဲ့ပေမယ့် အဲ့ဒီကနေလွတ်မြောက်ဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ ငရဲဘုရင်မနဲ့အပေးအယူလုပ်ခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်အရသူဟာ ခုနှစ်ရက်အတွင်း ဝိဉာဉ်ခုနှစ်ခုကိုငရဲဘုရင်မစေခိုင်းတဲ့ နည်းလမ်းတွေနဲ့ သူ့ဆီအပ်နှံပေးရမှာဖြစ်ပါတယ်။ အချိန်နဲ့အမျှ အပြေးအလွှားလုပ်ဆောင်နေရတဲ့ JJ အတွက်ဒီလုပ်ငန်းစဉ်အတွင်းမှာ အချစ်ကိုရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သူ့အလုပ်ကိုအချိန်မှီပြီးမြောက်နိုင်ဖို့ အခက်အခဲတွေ့လာပါတော့တယ်။ ဘတ်ဂျတ်အများကြီးသုံးမထားပေမယ့် Satire ဆန်ဆန်ဇာတ်လမ်းဇာတ်အိမ်၊ အချိတ်အဆက် ပေါ့ပါးသွက်လက်တဲ့ တင်ပြပုံနဲ့ဆွဲဆောင်နိုင်တဲ့Horror-Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
4 Horror Tales: Roommates (2006) ဒီတစ်ခေါက်မှာတော့ 4 Horror Tales စီးရီးထဲက Roommates ဆိုတဲ့ ကိုရီးယားသရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း ယောင်းဟွာ မိန်းကလေးစာသင်ကျောင်း ဆိုတာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့ဖူးတဲ့ ကျောင်းသူတွေကို အထူးကြပ်မတ် စာသင်ကြားပေးတဲ့နေရာပါ။ ဒီကျောင်းမှာ ဂင်ဘိုရမ်နဲ့ သူမရဲ့ သူငယ်ချင်း (၃) ယောက်ဟာ ပြင်ပလောကနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ပြီး တစ်နေ့ကို (၁၅) နာရီကျော် စာကြည့်ရတဲ့ ပြင်းထန်လွန်းတဲ့ စည်းကမ်းတွေအောက်မှာ နေထိုင်နေကြရပါတယ်။ ဒါပေမယ့် ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခု မဟုတ်ပါဘူး… လွန်ခဲ့တဲ့ (၃) နှစ်က ကျောင်းသူတွေအားလုံး သေဆုံးခဲ့ရတဲ့ မီးလောင်မှုတစ်ခု ဒီနေရာမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ကျောင်းသူတွေကြားထဲမှာ သရဲခြောက်သလို ထိတ်လန့်စရာ ဖြစ်ရပ်တွေ…
We’re Not Safe Here (2025) ဇာတ်လမ်းအကျဉ်း ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ “We’re Not Safe Here” ဆိုတဲ့ ရုပ်ရှင်က စိတ္တဇဆန်ဆန်နဲ့ ကျောချမ်းစရာကောင်းတဲ့ Horror/Drama အမျိုးအစားလေးပါ။ ဒီကားက တကယ်တော့ အိမ်ထဲကျူးကျော်ဝင်ရောက်ခံရတာနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရောမွှေထားတဲ့ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာ Neeta ဆိုတဲ့ ကျောင်းဆရာမလေးက ပန်းချီဆွဲဖို့ ကြိုးစားပေမယ့် စိတ်ကူးမထွက်ဘဲ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ပျောက်နေတာ ကြာပြီဖြစ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဆရာမ Rachel က ညသန်းခေါင်ကြီး အိမ်ကို ရုတ်တရက်ရောက်လာတာကနေ စတာပဲ။ Rachel က ကြည့်ရတာ တစ်ခုခုကိုအရမ်းကြောက်နေပြီး သူ ပျောက်သွားတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို Neeta ကို စပြောပြပါတော့တယ်။ Rachel ရဲ့…
Retta Thala (2025) မျက်နှာနှစ်ခုနဲ့လူ ပွန်ဒီချယ်ရီ မြို့လေးမှာ ကြီးပြင်းခဲ့တဲ့ မိဘမဲ့လူငယ် ကာလီ ဟာ ဆင်းရဲပင်ပန်းစွာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ ငယ်ချစ်ဦး အန်သရီ ကို လက်ထပ်ဖို့ ကြိုးစားပေမယ့် သူမကတော့ ဆင်းရဲတဲ့ဘဝကို ငြီးငွေ့နေပြီး ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ချင်သူပါ။ တစ်နေ့မှာတော့ ကာလီ ဟာ သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ ဂိုဏ်းစတားသူဌေးကြီးမာလ်ပေအူပန်ဒရာ နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ ဒီအခါမှာ ချမ်းသာချင်တဲ့အန်သရီ က ကာလီ ကို မြှောက်ထိုးပင့်ကော်လုပ်ပြီး အူပန်ဒရာ ကို သတ်ကာ သူ့နေရာမှာ အစားဝင်ဖို့ တိုက်တွန်းပါတော့တယ်။ ကာလီ တစ်ယောက် အူပန်ဒရာ ရဲ့ နေရာကို အစားဝင်ပြီး ချမ်းသာတဲ့ဘဝကို စံစားဖို့ ကြိုးစားတဲ့အခါမှာတော့ သူ မမျှော်လင့်ထားတဲ့…
Sons of the Neon Night (2026) ဟောင်ကောင်ရုပ်ရှင်လောကမှာ ဆယ်စုနှစ်တစ်ခုစာနီးပါးစောင့်မျှော်ရတဲ့ Crime Epicရုပ်ရှင် ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်လောက်ကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ကိုဗစ်ကြောင့်ရယ် ဒါရိုက်တာက ဇာတ်ကားရဲ့အရည်အသွေးကိုစိတ်တိုင်းကျပြင်ဆင်နေတာကြောင့်ရယ်ကြောင့် post-production ပိုင်းမှာ နှစ်တော်တော်ကြာကြာသွားတဲ့အတွက် ဟောင်ကောင်ရုပ်ရှင်လောကမှာ အကြာဆုံးစောင့်ဆိုင်းရတဲ့ဇာတ်ကားလို့ တင်စားကြပါတယ်။ ဒီကားမှာ ဂျပန်-တရုတ်မင်းသားချော Takeshi Kaneshiro ( Jin Cheng Wu) ဟောင်ကောင်မင်းသား Louis Koo, Tony Leung Ka-fai တို့လို ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Juno Makကဒီဇာတ်ကားကို အနုပညာဆန်ဆန် Lighting ပိုင်းမှာသုံးသွားတာ ဟောင်ကောင်ကားတွေမှမမြင်ဖူးသလောက်အဆင့်အတန်းပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်သူဌေးကြီးတစ်ယောက်ကို သေဆုံးသွားစေတဲ့ ပေါက်ကွဲမှုတစ်ခုကနေအရာအားလုံးစတင်ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် မူးယစ်ဆေးဝါးကုန်ကူးတဲ့သူတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်သူတွေကြားမှာ အပြင်းအထန်အားပြိုင်မှုတွေဖြစ်လာပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းရဲ့…