Category: Movies
-

The Rats: A Witcher Tale
The Rats: A Witcher Tale (2025) ဇာတ်လမ်းအကျဉ်းကတော့ The Rats လို့ခေါ်တဲ့ “သူခိုးလေးများအဖွဲ့” က ငွေကြေးချမ်းသာတဲ့သူတွေဆီကခိုးတယ်။ လောင်းကစားရုံတွေဆီကနေခိုးတယ်။ သူများတွေကိုကလိမ်ကျပြီးရှာဖွေစားသောက်တယ်။ အဖွဲ့ဝင်ခုနစ်ယောက်ရှိပြီး အကုန်လုံးကမိသားစုလိုပဲတစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ကြတယ်။ တစ်နိုင်ငံလုံးစစ်ဖြစ်နေတဲ့ကာလဖြစ်လို့ အရင်လိုရှာဖွေရတာအဆင်မပြေတော့ဘူး။ စွန့်စားရသလောက်အမြတ်ကသိပ်မရဘူးဖြစ်နေတယ်။ အချီကြီးရနိုင်မယ့် ဟာမျိုးကိုရှာချင်နေကြတယ်။ ဒီလိုနဲ့ မစ်ဆယ်လ်ကသူ့ကိုငယ်ငယ်လေးကတကည်းစောင့်ရှောက်ပေးတဲ့ အိုလာဆိုတဲ့ရှေ့ဖြစ်ဟော ဗေဒင်ဆရာမဆီကို တစ်ဖွဲ့လုံးခေါ်သွားလိုက်တယ်။ ဗေဒင်ဆရာမကလည်းသူ့အဆက်အသွယ်တွေဆီကနေ ကြားတဲ့အချီကြီးရနိုင်မယ့်နေရာကိုပြောလိုက်တယ်။ အဲဒီနေရာကတော့ ဒွန်ဟူဗယ်နာဂယ်ရင်နှီးမြှုပ်နှံထားတဲ့ထိုးသတ်ပွဲဖြစ်ပြီး ငွေကြေးဓာနရှင်တွေ စစ်ဘုရင်တွေ အစိုးရအမှုထမ်းတွေရဲ့လောင်းကစားလုပ်ပြီးပိုက်ဆံဖြုန်းတဲ့နေရာလည်းဖြစ်နေတယ်။ ထိုးသတ်ပွဲကိုလည်းဒေါင့်စေ့အောင်ကြပ်ကြပ်မတ်မတ်စီစဉ်ထားတယ်။ ဒီနေရာကိုပိုက်ဆံတွေကိုခိုးနိုင်ရင် တစ်သက်လုံးထိုင်စားနိုင်ပြီဖို့ မစ်ဆယ်လ်တို့အဖွဲ့လည်းခိုးယူဖို့ကြံစည်ကြပါတော့တယ်။
-

Champagne Problems
Champagne Problems (2025) အလုပ်ကြိုးစားတဲ့ ဆစ်ဒနီ ဟာ သူမကုမ္ပဏီအတွက် ခရစ္စမတ်မကျင်းပမီ ရှန်ပိန် တံဆိပ်တစ်ခုကို ဝယ်ယူရန် ပဲရစ်သို့ ခရီးထွက်ခဲ့ပါတယ်။ သို့သော် သူ့ညီမကို တစ်ညသာ နားရမယ်လို့ ကတိပေးပြီးနောက် ပဲရစ်မြို့တွင် ဒေသခံလူငယ် ဟန်ရီ ကိုတွေ့ပြီး စိတ်လှုပ်ရှားဖွယ်ညတစ်ညကို ခံစားခဲ့ရပြီး နောက် ဆစ်ဒနီ သည် ရှန်ပိန်ဝယ်ယူညှိနှိုင်းမည့်နေရာသို့ ရောက်ရှိပြီး ဟန်ရီ သည် ရှန်ပိန်းပိုင်ရှင်၏ သားဖြစ်ပြီး သူတို့ ဝယ်ယူရန် စီစဉ်ထားသည့် ကုမ္ပဏီနှင့် တိုက်ရိုက် ဆက်နွယ်နေကြောင်း သိလိုက်ရတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိသေးတော့ သူတို့နှစ်ဦး ချစ်ခြင်းမေတ္တာနှင့် စီးပွါးရေးကြားမှာ ဘယ်လိုအခက်အခဲတွေရှိလာတွေ့ကြုံရမလဲ ။ သူတို့ချစ်ခြင်းကရော ခိုင်မြဲပါ့မလား ဆိုတာကိုရင်ခုန်ဖွယ် ကြည့်ရှုရမဲ့ ခရစ်စမတ် အချစ်ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်…
-

Estela
Estela (2024) ဆူဇန်နာနဲ့ဂျော့ချ်တို့ဟာ ကလေးရဖို့ကြိုးစားနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး မိသားစုအကြီးကြီးတစ်ခုတည်ထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြို့ပြကိုစွန့်ခွာပြီး ဆင်ခြေဖုံးအရပ်က ရေကန်ကြီးကြီး၊ ခြံကျယ်ကျယ်နဲ့ အိမ်ကြီးတစ်လုံးဆီကိုပြောင်းလာခဲ့ကြတာပါ။ ရှေ့မှာနှစ်ကြိမ်ကိုယ်ဝန်ပျက်ကျထားပြီး ဒီတစ်ကြိမ်ကိုယ်ဝန်အတွက် အမြဲတမ်းစိုးရိမ်စိတ်တွေဖြစ်နေတဲ့ ဆူဇန်နာရဲ့စိတ်ဟာ အဲ့ဒီအိမ်ကြီးထဲကတစ်စုံတစ်ရာကိုသွားဆွဲဆောင်မိပါတယ်။ အဲ့ဒါကတော့ အိမ်ကြီးမှာစွဲကပ်နေတဲ့ မိဘတွေအရမ်းလိုချင်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ဝိညာဉ်ပါပဲ။ ထူးခြားဆန်းကြယ်မှုတွေတွေ့လာရပေမယ့် ဒါတွေကိုအယုံအကြည်မရှိတဲ့ ဆူဇန်နာတို့လင်မယားဟာ အားလုံးကိုမျက်ကွယ်ပြုပြီးရှေ့ဆက်ဖို့ကြိုးစားပေမယ့် ရှောင်လွှဲလို့မဖြစ်နိုင်တော့တဲ့အကြောင်းခြင်းရာတွေကြုံလာရချိန်မှာတော့..။ ဝိညာဉ်တစ္ဆေဇာတ်ကြောင်းပါပေမယ့် jump scare တွေ၊ အသံတွေနဲ့ဖြဲခြောက်ထားတဲ့ဟော်ရာကားသက်သက်မဟုတ်ပါဘူး။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ မြှုပ်ကွက်ကောင်းကောင်းနဲ့လှည့်စားနိုင်တဲ့ Drama/Thriller ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
-

Stan the Man
Stan the Man (2025) Stan the Man 2025 ရုပ်ရှင်ကို Kendall Bryant Jr. က ရိုက်ကူးထားပြီး Angus Benfield က Stan Jacobs အဖြစ် သရုပ်ဆောင်ထားကာ စက်တင်ဘာလ ၂ရက် ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဘာသာရေး၊အားကစား ဒရာမာကား တစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ ဂန္တဝင်ပရိုဘောလုံးနည်းပြဟောင်း Stan Jacobs ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး သူကမူးယစ်ဆေးစွဲမှုကြောင့် အလုပ်အကိုင် ဆုံးရှုံးပြီး လမ်းဘေးမှာ နေထိုင်နေရသူပါ ဇာတ်လမ်းထဲမှာတော့ အရက်စွဲနေတဲ့ပုံစံနဲ့ ပြင်ဆင်ရိုက်ကူးထားပါတယ်ရုန်းကန်နေရတဲ့ ခရစ်ယာန်အထက်တန်းကျောင်းအသင်းကို သူတို့ရဲ့ပထမဆုံး ပြည်နယ်ချန်ပီယံဆုရရှိအောင် နည်းပြပေးခြင်းနဲ့ သူ့ဘဝကိုပြန်ပြင်ဆင်ဖို့ အခွင့်အရေးရလာတဲ့အခါမှာသူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ အရက်စွဲခြင်းရဲ့…
-

Pistol Whipped
Pistol Whipped (2008) အမေရိကန်အက်ရှင်ကားကောင်းတစ်ကားပါ။ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ မတ်ထ်ကော်နာဟာ အမှုတစ်ခုကိုရင်ဆိုင်ရပြီးတဲ့နောက်မှာ အလုပ်ပြုတ် အကြွေးတွေတပုံတခေါင်းနဲ့ လောင်းကစားနွံထဲမှာနစ်နေခဲ့ပါပြီ။ ဘဝပျက်လုမတတ်ဖြစ်နေတဲ့အချိန်မှာ အမည်မသိလူတစ်စုက သူ့ရဲ့အကြွေးတွေကိုလျှို့ဝှက်ဆပ်ပေးလာတယ်။ မကြာခင်မှာပဲ ဂန်းစတားတွေကိုသတ်ပေးဖို့အတွက် သူ့ကိုအလုပ်ကမ်းလှမ်းလာခဲ့တယ်။ မတ်ထ်တစ်ယောက် အကြွေးတွေကိုဖြေရှင်းဖို့အတွက် လက်ခံခဲ့ရပြီး တစ်နေ့မှာတော့ ထုံးစံအတိုင်း လူတစ်ယောက်ကိုရှင်းပစ်ဖို့ကမ်းလှမ်းခံရတဲ့အချိန်မှာတော့ အဲ့ဒီလူဟာ သူ့ဘဝဒုက္ခရောက်နေတဲ့အချိန်မှာ အစစအရာရာကူညီကယ်တင်ပေးခဲ့တဲ့ သူ့သူငယ်ချင်းကောင်းဖြစ်နေပါတော့တယ်။ ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အက်ရှင်ကောင်းတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။