The Rats: A Witcher Tale (2025)

ဇာတ်လမ်းအကျဉ်းကတော့ The Rats လို့ခေါ်တဲ့ “သူခိုးလေးများအဖွဲ့” က ငွေကြေးချမ်းသာတဲ့သူတွေဆီကခိုးတယ်။ လောင်းကစားရုံတွေဆီကနေခိုးတယ်။ သူများတွေကိုကလိမ်ကျပြီးရှာဖွေစားသောက်တယ်။
အဖွဲ့ဝင်ခုနစ်ယောက်ရှိပြီး အကုန်လုံးကမိသားစုလိုပဲတစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ကြတယ်။
တစ်နိုင်ငံလုံးစစ်ဖြစ်နေတဲ့ကာလဖြစ်လို့ အရင်လိုရှာဖွေရတာအဆင်မပြေတော့ဘူး။
စွန့်စားရသလောက်အမြတ်ကသိပ်မရဘူးဖြစ်နေတယ်။
အချီကြီးရနိုင်မယ့် ဟာမျိုးကိုရှာချင်နေကြတယ်။
ဒီလိုနဲ့ မစ်ဆယ်လ်ကသူ့ကိုငယ်ငယ်လေးကတကည်းစောင့်ရှောက်ပေးတဲ့ အိုလာဆိုတဲ့ရှေ့ဖြစ်ဟော ဗေဒင်ဆရာမဆီကို တစ်ဖွဲ့လုံးခေါ်သွားလိုက်တယ်။
ဗေဒင်ဆရာမကလည်းသူ့အဆက်အသွယ်တွေဆီကနေ ကြားတဲ့အချီကြီးရနိုင်မယ့်နေရာကိုပြောလိုက်တယ်။
အဲဒီနေရာကတော့ ဒွန်ဟူဗယ်နာဂယ်ရင်နှီးမြှုပ်နှံထားတဲ့ထိုးသတ်ပွဲဖြစ်ပြီး ငွေကြေးဓာနရှင်တွေ စစ်ဘုရင်တွေ အစိုးရအမှုထမ်းတွေရဲ့လောင်းကစားလုပ်ပြီးပိုက်ဆံဖြုန်းတဲ့နေရာလည်းဖြစ်နေတယ်။
ထိုးသတ်ပွဲကိုလည်းဒေါင့်စေ့အောင်ကြပ်ကြပ်မတ်မတ်စီစဉ်ထားတယ်။ ဒီနေရာကိုပိုက်ဆံတွေကိုခိုးနိုင်ရင် တစ်သက်လုံးထိုင်စားနိုင်ပြီဖို့ မစ်ဆယ်လ်တို့အဖွဲ့လည်းခိုးယူဖို့ကြံစည်ကြပါတော့တယ်။



Leave a Reply