Estela (2024)

ဆူဇန်နာနဲ့ဂျော့ချ်တို့ဟာ ကလေးရဖို့ကြိုးစားနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး မိသားစုအကြီးကြီးတစ်ခုတည်ထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြို့ပြကိုစွန့်ခွာပြီး ဆင်ခြေဖုံးအရပ်က ရေကန်ကြီးကြီး၊ ခြံကျယ်ကျယ်နဲ့ အိမ်ကြီးတစ်လုံးဆီကိုပြောင်းလာခဲ့ကြတာပါ။
ရှေ့မှာနှစ်ကြိမ်ကိုယ်ဝန်ပျက်ကျထားပြီး ဒီတစ်ကြိမ်ကိုယ်ဝန်အတွက် အမြဲတမ်းစိုးရိမ်စိတ်တွေဖြစ်နေတဲ့ ဆူဇန်နာရဲ့စိတ်ဟာ အဲ့ဒီအိမ်ကြီးထဲကတစ်စုံတစ်ရာကိုသွားဆွဲဆောင်မိပါတယ်။
အဲ့ဒါကတော့ အိမ်ကြီးမှာစွဲကပ်နေတဲ့ မိဘတွေအရမ်းလိုချင်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ဝိညာဉ်ပါပဲ။
ထူးခြားဆန်းကြယ်မှုတွေတွေ့လာရပေမယ့် ဒါတွေကိုအယုံအကြည်မရှိတဲ့ ဆူဇန်နာတို့လင်မယားဟာ အားလုံးကိုမျက်ကွယ်ပြုပြီးရှေ့ဆက်ဖို့ကြိုးစားပေမယ့် ရှောင်လွှဲလို့မဖြစ်နိုင်တော့တဲ့အကြောင်းခြင်းရာတွေကြုံလာရချိန်မှာတော့..။
ဝိညာဉ်တစ္ဆေဇာတ်ကြောင်းပါပေမယ့် jump scare တွေ၊ အသံတွေနဲ့ဖြဲခြောက်ထားတဲ့ဟော်ရာကားသက်သက်မဟုတ်ပါဘူး။
ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ မြှုပ်ကွက်ကောင်းကောင်းနဲ့လှည့်စားနိုင်တဲ့ Drama/Thriller ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။



Leave a Reply