Category: Movies
-

Jatadhara
Jatadhara (2025) တစ်ယောက်တည်းမကြည့်ရ လွန်လေပြီးသောအချိန်တွေတုန်းက လူချမ်းသာတွေမှာ သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုထားဖို့ ခုခေတ်လို ဘဏ်တွေ လော့ခ်ကာတွေ မရှိခဲ့ဘူးပေါ့။ သူခိုး ဓားပြရန်ကိုကြောက်ရတော့ မြေအိုးလေးတွေနဲ့ မြေကြီးထဲ မြှုပ်ထားကြရတယ်။ ဒါပေမဲ့လည်း သူပုန်တွေရန်က မလွတ်ခဲ့ကြပါဘူး ရွှေတွေလု လူတွေကို ဒုက္ခပေးရုံသာမက အသက်အန္တရာယ်တွေပါထိခိုက်လာကြတော့ ရတနာတွေဖွက်ဖို့ နည်းလမ်းရှာကြရင်း မန္တန်တွေနဲ့စည်းတားဖို့ စဉ်းစားမိခဲ့ကြတယ်။ ပြောရရင် ကျိန်စာလိုပေါ့ဗျာ။ ဒီလို စည်းတားနည်းတွေထဲမှာ နတ်ဆိုးနဲ့တားနည်းကတော့ အပြင်းထန်ဆုံးပေါ့။ နတ်ဆိုးလိုချင်တဲ့ ယဇ်ပူဇော်ပွဲလုပ်ပေးမှ ရတနာတွေ ပြန်ရတော့ လောလောဆယ် သူခိုးလက်ကလွတ်ရင် ရပြီဆိုပြီး လွန်လွန်ကြူးကြူးနည်းတွေ သုံးမိကြရင်း နတ်ဆိုးတစ်ပါးပိတ်မိသွားခဲ့တယ် ။ မျက်မှောက်ခေတ်… လင်မယား၂ယောက်က အိမ်ကြီးတစ်လုံးမှာ ၂ယောက်တည်းနေကြတယ်။ မိန်းမဖြစ်သူက ညတိုင်း အိပ်မက်တစ်ခုတည်းကို မက်လာခဲ့တယ်။ ရွှေပုံပေါ်မှာ ထိုင်နေတဲ့မိန်းမတစ်ယောက်က ရွှေတွေနဲ့ ဆော့ကစားနေပြီး…
-

Lost in America
Lost in America (1985) လုံခြုံမှုနဲ့ လွတ်လပ်မှု ဘာကို ရွေးမလဲ ကျွန်တော်တို့ ဘဝတွေမှာ လုံခြုံမှု အခြေခိုင်မှုတွေအတွက် လွတ်လပ်မှုကို ပေးဆပ်ခဲ့ရတဲ့ အခြေအနေတွေကို ကြုံဖူးကြမှာပါ။ လုပ်ချင်တာထက် လုပ်သင့်တာတွေကို လုပ်ပြီး ပျော်ရွှင်မှု လွတ်လပ်မှုတွေကို ပိုက်ဆံအတွက် စတေးလိုက်ကြရတာမျိုးတွေပေါ့။ ဒီဇာတ်ကားကလည်း ဒီလိုပါပဲ ဒေးဗစ်ဟောင်းဝါ့ဒ်တို့ လင်မယားဟာ ပိုက်ဆံတွေ အများကြီးဝင်နေပေမဲ့ လွတ်လပ်မှုကို တမ်းတနေကြပါတယ်။ ဒီလိုနဲ့ ဒေးဗစ် ရာထူးတိုးခါနီးမှာ မတိုးခဲ့တဲ့အခါ စိတ်ပျက်မှုတွေကို စိတ်ကုန်ပြီး လင်မယားနှစ်ယောက်လုံး အလုပ်ကထွက် ရှိသမျှရောင်းချပြီးတော့ မော်တော်အိမ်တစ်လုံးဝယ် နိုင်ငံပတ်မယ်ဆိုပြီး ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ထွက်လာတဲ့အခါမှာ သူတို့ ထင်ထားသလို လွတ်လပ်သွားမှာလား လွတ်လပ်မှုအတွက် သူတို့ ဘာတွေ အခက်ခဲကြုံရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။
-

Assalamualaikum Baitullah
Assalamualaikum Baitullah (2025) ၂၀၂၅ မှာ ထွက်တဲ့ ဇာတ်ကားဖြစ်ပြီး အဓိကအကြောင်းအရာကတော့ ဘဝရဲ့ဆုံးရှုံးမှုတွေကြားကနေ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခရီးကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အမီရာ (Amira) ဆိုတဲ့ အမျိုးသမီးဟာ တစ်ခါက သူ့ချစ်သူနဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပေမယ့် သစ္စာဖောက်မှုတစ်ခုကြောင့် သူ့ဘဝဟာ အပြောင်းအလဲကြီးဖြစ်သွားခဲ့ပါတယ်။ စိတ်ပျက်ဖွယ်ရာတွေ၊ ဝမ်းနည်းပူဆွေးမှုတွေနဲ့ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ပြီး ဘဝကို ဘယ်ကိုရှေ့ဆက်ရမှန်းမသိခဲ့ပါဘူး။ ဒီလိုနဲ့ သူမဟာ မက္ကာလိုသန့်ရှင်းရာဒေသကို ဘုရားဖူးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီခရီးစဉ်ဟာ ပြဿနာတွေကနေ ထွက်ပြေးတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ မျှော်လင့်ချက်အသစ်ကို ရှာဖွေတဲ့ခရီးတစ်ခုပါ ။ အဲဒီမှာ အမီရာဟာ အတိတ်ကို ခွင့်လွှတ်တတ်အောင် သင်ယူရင်း သူ့ရဲ့အားနည်းနေတဲ့စိတ်နှလုံးသားကို ပြန်လည်တည်ဆောက်ပြီး ဘုရားသခင်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်သွယ်မှုကို တည်ဆောက်သွားခဲ့ပါတယ် ။ ဒီခရီးစဉ်အတွင်းမှာ ဘာရာ (Barra)…
-

Unknown Number: The High School Catfish
Unknown Number: The High School Catfish (2025) ဒီတစ်ခါမှာတော့ Netflixကနေအသစ်စက်စက်ထွက်ရှိထားတဲ့မှုခင်းမှတ်တမ်းရုပ်ရှင်တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ မှုခင်းမှတ်တမ်းတွေရိုက်လေ့ရှိတဲ့ Skye Borgman ဖြစ်ပါတယ်။ မီချီဂန်ပြည်နယ် ဘီးလ်ဆိုတဲ့ မြို့သေးသေးလေးမှာ ဆယ်ကျော်သက်လူငယ်စုံတွဲလေးဖြစ်တဲ့ အိုဝင်နဲ့လော်ရန်တို့ဟာ ပြင်းထန်တဲ့အွန်လိုင်းတိုက်ခိုက်မှုခံခဲ့ရပါတယ်။ ဘယ်သူမှန်းမသိတဲ့လူတစ်ဦးက သူတို့ဆီကို ကြမ်းတမ်းခက်ထန်တဲ့မက်ဆေ့ချ်တွေနေ့စဥ်ပို့ပြီး စိတ်ဒဏ်ရာရစေခဲ့ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိဘနှစ်ပါးဟာလည်း ရနိုင်သမျှသက်သေအချက်အလက်တွေစုပြီး သူတို့သံသယဝင်မိတဲ့သူတွေကိုစာရင်းပြုစုပြီး ရဲတွေကိုစစ်ဆေးမေးမြန်းခိုင်းပါတယ်။ ဒါပေမဲ့ ဘာမှမထူးဘဲ မက်ဆေ့ချ်ပို့တာတွေက နောက်တော့ပိုဆိုးလာတာကြောင့် FBI ပါ ပါဝင်ပြီးစုံစမ်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ အဲ့တော့မှ ထိုမက်ဆေ့ချ်တွေကို ပို့တဲ့ဖုန်းနံပါတ်ရဲ့ IPလိပ်စာကနေတစ်ဆင့်ရှာလိုက်မှ တရားခံကိုသိခဲ့ရပါတယ်။ အဲ့တရားခံကိုသိလိုက်ရတဲ့အချိန်မှာ လူတွေအားလုံးအံ့သြတုန်လှုပ်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့မှုခင်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ဒီဖြစ်ရပ်မှန်မှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကိုယ်တိုင် ဖြစ်ကြောင်းကုန်စဥ်အကုန်ပြောပြထားပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ တရားခံကဘယ်လိုမှ မထင်ထားခဲ့တဲ့သူဖြစ်နေတာကို တွေ့မြင်ခံစားရမှာပါ။
-

Predator: Wastelands
Predator: Wastelands (2025) ကဲ စောင့်မျော်နေရတဲ့ ကား နောက်ဆုံးတော့ ထွက်လာပါပြီ။ Predator WasteLands ကတော့ franchise ကို FX က ပိုင်ဆိုင်ပြီးနောက်မှာ အသစ်အဆန်း ဖြစ်အောင် Predator နေရာကနေ ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကိုယ်မမြင်ဖူးတဲ့ ဒေသ တွေမှာ မမြင်ဖူးတဲ့ သတ္တဝါ တွေနဲ့ တိုက်ခိုက်နေတာကို မြင်ရမှာ ဖြစ်တဲ့ 2025 ရဲ့ ထူးထူးခြားခြား သိပ္ပံဆန်ဆန် Action ကားကောင်းတစ်ကောင်းလဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက ပြောမပြထားရင် ပိုကြည့်ကောင်းတာမို့ Plot ကိုတော့ မရှင်းပြတော့ပါဘူး။ ကားက PredatorXAlien ရဲ့ OG fans တွေနဲ့ Sci-Fi ပရိတ်သတ်တွေအနေနဲ့ စိတ်ဝင်စားပြီးအရမ်းကိုကြိုက်ကြမယ့် ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ဒါ့အပြင်…