Jatadhara (2025)
တစ်ယောက်တည်းမကြည့်ရ

လွန်လေပြီးသောအချိန်တွေတုန်းက လူချမ်းသာတွေမှာ သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုထားဖို့ ခုခေတ်လို ဘဏ်တွေ လော့ခ်ကာတွေ မရှိခဲ့ဘူးပေါ့။
သူခိုး ဓားပြရန်ကိုကြောက်ရတော့ မြေအိုးလေးတွေနဲ့ မြေကြီးထဲ မြှုပ်ထားကြရတယ်။
ဒါပေမဲ့လည်း သူပုန်တွေရန်က မလွတ်ခဲ့ကြပါဘူး ရွှေတွေလု လူတွေကို ဒုက္ခပေးရုံသာမက အသက်အန္တရာယ်တွေပါထိခိုက်လာကြတော့ ရတနာတွေဖွက်ဖို့ နည်းလမ်းရှာကြရင်း မန္တန်တွေနဲ့စည်းတားဖို့ စဉ်းစားမိခဲ့ကြတယ်။
ပြောရရင် ကျိန်စာလိုပေါ့ဗျာ။
ဒီလို စည်းတားနည်းတွေထဲမှာ နတ်ဆိုးနဲ့တားနည်းကတော့ အပြင်းထန်ဆုံးပေါ့။
နတ်ဆိုးလိုချင်တဲ့ ယဇ်ပူဇော်ပွဲလုပ်ပေးမှ ရတနာတွေ ပြန်ရတော့ လောလောဆယ် သူခိုးလက်ကလွတ်ရင် ရပြီဆိုပြီး လွန်လွန်ကြူးကြူးနည်းတွေ သုံးမိကြရင်း နတ်ဆိုးတစ်ပါးပိတ်မိသွားခဲ့တယ် ။
မျက်မှောက်ခေတ်… လင်မယား၂ယောက်က အိမ်ကြီးတစ်လုံးမှာ ၂ယောက်တည်းနေကြတယ်။
မိန်းမဖြစ်သူက ညတိုင်း အိပ်မက်တစ်ခုတည်းကို မက်လာခဲ့တယ်။
ရွှေပုံပေါ်မှာ ထိုင်နေတဲ့မိန်းမတစ်ယောက်က ရွှေတွေနဲ့ ဆော့ကစားနေပြီး သူ့ကိုကြောက်မက်ဖွယ်မျက်နှာနဲ့ လှည့်လှည့်ကြည့်တာမျိုးပေါ့။
ညတိုင်းအိပ်ရေးပျက်လာတော့ ဘုန်းကြီးပင့်လည်း ဘုန်းကြီးပါပြေးရတဲ့အထိဖြစ်လာခဲ့တယ်။
ရှီဗာကတော့ သရဲဆိုတာတွေ အယုံအကြည်မရှိသူ
ဒါပေမယ့် မရှိကြောင်း သက်သေပြဖို့လည်း ကြမ်းပေ့ဆိုတဲ့နေရာတွေသွားသွားပြီး သရဲရှာတတ်သူ သူနဲ့ ဒီလင်မယား၂ယောက် ဆုံတွေ့ဖို့အကြောင်းဖန်လာတော့
ဘာတွေဆက်ဖြစ်သွားမလဲ
သရဲမရှိဘူးဆိုတဲ့ ရှီဗာတစ်ယောက် ဘယ်လိုတွေ အလူးအလဲခံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။



Leave a Reply