Lost in America (1985)

လုံခြုံမှုနဲ့ လွတ်လပ်မှု ဘာကို ရွေးမလဲ
ကျွန်တော်တို့ ဘဝတွေမှာ လုံခြုံမှု အခြေခိုင်မှုတွေအတွက် လွတ်လပ်မှုကို ပေးဆပ်ခဲ့ရတဲ့ အခြေအနေတွေကို ကြုံဖူးကြမှာပါ။
လုပ်ချင်တာထက် လုပ်သင့်တာတွေကို လုပ်ပြီး ပျော်ရွှင်မှု လွတ်လပ်မှုတွေကို ပိုက်ဆံအတွက် စတေးလိုက်ကြရတာမျိုးတွေပေါ့။
ဒီဇာတ်ကားကလည်း ဒီလိုပါပဲ ဒေးဗစ်ဟောင်းဝါ့ဒ်တို့ လင်မယားဟာ ပိုက်ဆံတွေ အများကြီးဝင်နေပေမဲ့ လွတ်လပ်မှုကို တမ်းတနေကြပါတယ်။
ဒီလိုနဲ့ ဒေးဗစ် ရာထူးတိုးခါနီးမှာ မတိုးခဲ့တဲ့အခါ စိတ်ပျက်မှုတွေကို စိတ်ကုန်ပြီး
လင်မယားနှစ်ယောက်လုံး အလုပ်ကထွက် ရှိသမျှရောင်းချပြီးတော့ မော်တော်အိမ်တစ်လုံးဝယ် နိုင်ငံပတ်မယ်ဆိုပြီး ထွက်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ ထွက်လာတဲ့အခါမှာ သူတို့ ထင်ထားသလို လွတ်လပ်သွားမှာလား လွတ်လပ်မှုအတွက် သူတို့ ဘာတွေ အခက်ခဲကြုံရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။



Leave a Reply