အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်သားများ အလံဖြူထောင် အလင်းဝင်လာတဲ့ရုပ်သံ

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း”က တပ်သားတချို့ဟာ အလံဖြူထောင်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ Black Panther Column- တပ်ခွဲ ၂ က မနေ့က ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column – တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံ – Black Panther Column – တပ်ခွဲ ၂

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *