ရန်ကုန်မြို့မှာ စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိထားပါတယ်။

ယခုလ ဩဂုတ် ၂၀ ရက် ကျော်ထဲက စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမားအချို့ကို ဖမ်းဆီးပြီး အချိတ်ဆက်များ ပြုလုပ်ခိုင်းကာ တော်လှန်ရေးသမားတွေကို ထပ်မံဖမ်းဆီးတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“အဓိကက လုပ်သမျှ ကိစ္စတိုင်းကို CCTV ကနေ နောက်ယောင်ခံ ၊ ခြေရာခံ လိုက်မရအောင် အသေးစိတ် ဒေါင့်စေ့အောင် စီစဉ်ဆောင်ရွက်ကြပါလို့။ အဲ့လို ဆောင်ရွက်နိုင်ဖို့က အချိန် နဲ့ ငွေအများကြီး သုံးရပါမယ်။အဲ့လို သုံးရတဲ့ အချိန်နဲ့ ငွေက ပေးဆပ်လိုက်ရတဲ့ အဖမ်းခံရတဲ့ ရဲဘော် နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။နောက်ပြီး အဲ့လို အသေးစိတ် စိတ်ချရအောင် စီစဉ်နိုင်ဖို့အတွက် သုံးရတဲ့ အချိန်တွေ အတွက်ကို စိတ်ရှည်ဖို့ လိုပါမယ်။ စိတ်ရှည်ကြပါလို့ ပြောချင်ပါတယ်ဗျာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပျောက်ကြားတော်လှန်သမားတစ်ဦးက ပြောပါတယ်။

သံလျင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကင်းမြို့နယ် ၊ မဂ်လာတောင်ညွန်မြို့နယ်တို့မှာ စစ်တပ်က တော်လှန်ရေးသမားတွေအပြင် အရပ်သားတွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“အဖမ်းခံရတဲ့ ရဲဘော်တွေအတွက်တော့ ကျနော် အတော်စိတ်မကောင်းဖြစ်ရပါတယ်ဗျ။ ပစ္စည်းအပေးအယူတွေ သတိထားကြဖို့နဲ့ လုံခြုံရေးအထူးသတိထားကြဖို့ သတိပေးပြောကြားလိုပါတယ်။ ကျနော်တို့ ရဲဘော်တွေက အရမ်းတန်ဖိုးကြီးပါတယ်ဗျာ” လို့ မြို့ပြပျောက်ကြား တော်လှန်ရေးသမားတစ်ဦးက ထပ်မံ ပြောပါတယ်။

စစ်တပ်ဟာ ၄င်းတို့ပြုလုပ်မဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်တပ်လက်ပါစေတွေကို လက်နက်တပ်ဆင်ပေးတာတွေ၊ အရပ်သားတွေကို အကြောင်းပြချက်မဲ့ ဖမ်းဆီးတာတွေ၊ ညစဉ် ဧည့်စာရင်းဝင်စစ်တာတွေကို တစိုက်မက်မက် လုပ်ဆောင်နေပါတယ်။

AAMIJ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *