📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ

“လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပါပြီ”

Unique ကွန်ပြူတာဆိုင်မှာ Laptop မရောင်းနိုင်တော့တာ၊ Royal Express လို Delivery ကုမ္ပဏီတွေမှာ ပို့စရာမရှိတော့တာနဲ့ Samsung လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေတောင် ရောင်းစရာပစ္စည်းမရှိလို့ Sales Target တွေလျှော့ ချနေရတာဟာ မြန်မာ့စီးပွားရေးယန္တရားကြီး တကယ်ပဲ ရပ်ဆိုင်းတော့မယ်ဆိုတာကို ပြသနေတဲ့ ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။

ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များ

လက်ရှိဖြစ်နေတဲ့ နိုင်ငံခြားငွေရရှိမှု ကျဆင်းခြင်း၊ စစ်လက်န-က်ဝယ်ယူမှု ဦးစားပေးခြင်း၊ သွင်းကုန်ကန့်သတ် ခြင်းနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခြင်းစတဲ့ အချက်တွေအပေါ် အခြေခံပြီး

ရှေ့ဆက်ဖြစ်လာနိုင်တဲ့ စီးပွားရေးအခြေအနေကတော့-

* ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းမြင့်တက်မှု

နိုင်ငံခြားငွေမရှိလို့ အခြေခံကုန်ကြမ်းတွေ မသွင်းနိုင်တဲ့အခါ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ရှားပါးလာပြီး ဈေးနှုန်းတွေ အရမ်းမြင့်တက်လာပါလိမ့်မယ်။ ငွေ ၁၀၀၀ တန်ဖိုးနဲ့ အရင်က ဝယ်လို့ရခဲ့တာတွေ ငွေ ၁၀၀၀၀သုံးတောင် ဝယ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။

* အလုပ်လက်မဲ့ဦးရေ အဆမတန် မြင့်တက်လာခြင်း

ကုန်ကြမ်းမရှိလို့ ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အခါ စီးပွားရေးလုပ်ငန်းတွေကို လည်ပတ်နေတဲ့ အောက်ခြေလူတန်းစားနဲ့ အလယ်အလတ်လူတန်းစားတွေဟာ အလုပ်လက်မဲ့ ဖြစ်လာပါလိမ့်မယ်။ ဘယ်သူဌေးမှလည်း လခပေးမထားနိုင်တော့တဲ့အတွက် လူမှုရေးပြဿနာတွေ ပိုမိုဆိုးရွားလာပါလိမ့်မယ်။

* စီးပွားရေးကျုံ့ဝင်မှု (Economic Contraction)

နိုင်ငံရဲ့ စီးပွားရေးယန္တရားကြီး ရပ်တန့်သွားတဲ့အခါ ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားပါလိမ့်မယ်။ နိုင်ငံစီးပွားရေးတစ်ခုလုံးဟာ ကျုံ့ဝင်သွားပြီး အခြေအနေကောင်းတစ်ခုကို ပြန်ရောက်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

သမိုင်းနဲ့ နှိုင်းယှဉ်ချက်

ဒီအခြေအနေဟာ သမိုင်းအရ စစ်အာဏာရှင်တွေ ပြုတ်ကျခါနီးအချိန်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေနဲ့ အတော်လေးကို ဆင်တူနေပါတယ်။

အထင်ရှားဆုံး ဥပမာတစ်ခုကတော့ ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း (၁၉၉၁) ဖြစ်ရပ်ပါပဲ။

ဆိုဗီယက်ယူနီယံဟာ စစ်ရေးအသုံးစရိတ်ကို ဦးစားပေးပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို လစ်လျူရှုခဲ့ပါတယ်။

ဒါကြောင့် ကုန်စည်တွေရှားပါးလာပြီး စီးပွားရေးစနစ်တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်လာခဲ့ပါတယ်။

အဲဒီလိုစီးပွားရေးပြဿနာတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် နောက်ဆုံးမှာတော့ ဆိုဗီယက်ယူနီယံ ပြည်ထောင်စုဟာ ပြိုကွဲသွားခဲ့ပါတယ်။

နိဂုံးချုပ် သုံးသပ်ချက်

လက်ရှိစစ်အုပ်စုကြုံနေရတဲ့အခက်အခဲဟာ နေဝင်းတို့ သန်းရွှေတို့ ကြုံခဲ့ရတာတွေထက် အဆမတန်ပြင်းထန်နေတာတွေ့ရပါတယ်။ နေဝင်းခေတ်ကမှ မှောင်ခိုရှိဦးမယ်။

ခုက မှောင်ခိုသွင်းလာရင်တောင် နိုင်ငံအတွင်း ဟိုပို့ဒီပို့ပို့မရအောင်ကန့်သတ်လာတယ်။ ပစ္စည်းတွေသိမ်းတယ်။ မတရားခွန်တွေကောက်တယ်။ ဒီတော့ မှောင်ခိုခေတ်ကိုတောင် မမှီနိုင်တော့ပါ။

လက်ရှိ မြန်မာ့အခြေအနေဟာ စီးပွားရေးပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပစ္စည်းမဲ့ဒေါသ (Proletarian Rage) ပေါက်ကွဲနိုင်တဲ့ အန္တရာယ်အရှိဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

နိုင်ငံရဲ့စီးပွားရေးယန္တရားကြီး ရပ်ဆိုင်းသွားတဲ့အခါ စစ်သားတွေကို ထောက်ပံ့ဖို့၊ စစ်လက်နက်တွေ ဝယ်ယူဖို့အတွက် ငွေကြေးအရင်းအမြစ်တွေပါ ခမ်းခြောက်သွားမှာဖြစ်ပါတယ်။

ဒါဟာ နိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဆိုတဲ့ ယန္တရားကြီးကိုယ်တိုင်ပါ ရပ်ဆိုင်းသွားမယ့် အခြေအနေကို ဦးတည်နေပြီဆိုတာ ပြဆိုနေတာပါ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်