ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ရာမညမွန်တပ်‌တော် (RMA) ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။

ရေဖြူဒေသအတွင်း ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနိုင်ကြောင်း NMSP-AD/Ramonnya Mon Army က အသိပေးနှိုးဆော်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် (RMA) ၏ ရေဖြူဒေသတပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုပ်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *