ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းစစ်တပ် အရာရှိတယောက်က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်က မြဝတီမြို့နယ်ကနေ မဲဆောက်ဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖုတ်ဖရရွာမှာ ဖမ်းဆီးမိခဲသလို ဩဂုတ် ၃၁ ရက်ညကလည်း လှိုင်းဘွဲမြို့နယ်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်လာပြီး နွားတင်ကားနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ယောက်ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ကယ်ရီခ ဘတ်ငွေ ၁၅၀,၀၀ စီး ပွဲစားကို ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *