ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျ​ခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲချခဲ့လို့ စာသင်ကျောင်းရုံးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *