မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာ စာသင်ကျောင်းထဲ စခန်းဖွင့်အထိုင်ချနေထိုင်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၂ရက် မနက်ပိုင်းက မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှီတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် ကုက္ကဲရွာ အထက်တန်းကျောင်းခွဲက ထွက်လာပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ရေီ့ထွက် ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းနဲ့ တိုက်ခိုက်ပြီးနောက် ပစ်ခတ်သုတ်သင်ခဲ့ရာမှာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး လက်နက်ခုနှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံကနေ MA-3 ခြောက်လက်၊ ကျည်ဘောက်၂၀၊ MA-5 တစ်လက်၊ ၆၀မမ တစ်လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဝက်အူလှည့်၊ ငွေသား တချို့၊ ဖုန်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူကို အနိုင်ကျင့် လုယက်နှိပ်စက်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဆက်လက် တိုက်ခိုက်သုတ်သင် ရှင်းလ်းမယ်လို့ ကတိသစ္စာပြုကြောင်းလည်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ တိုက်နယ်(၁) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ ပြည်သူတွေ သတိထားကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တိုက်တွန်းကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
မြင်းခြံမြို့နယ် အပါအဝင် မြင်းခြံခရိုင်ထဲက မြို့၊ရွာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြီးခဲ့တဲ့ ဩဂုတ်လက စလို့ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာလည်း ဖြစ်ပါတယ်။
မြင်းခြံနယ် တိုက်ပွဲက သိမ်းဆည်း ရရှိတ့ လက်နက်တွေ/Photo – ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့


Leave a Reply