မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ တည်နေရာများကို အချိန်နှင့် တပြေးညီ ခြေရာခံနိုင်ရန် စစ်အုပ်စုကို တရုတ်နည်းပညာကုမ္ပဏီ Geedge က ကူညီနေကြောင်း Justice For Myanmar ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာလ ၉ ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်ပုံစံကို Geedge က ရောင်းချတပ်ဆင်ပေးထား၍ စစ်အုပ်စုသည် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူများ၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကန့်အသတ်မဲ့ အချက်အလက်များ ရရှိစေမှုသည် ဥပမာအားဖြင့် သက်ဆိုင်ရာ တာဝါတိုင်များ (Cell IDS) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Justice For Myanmar ၏ အစီရင်ခံစာတွင် Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။

ထိုကုမ္ပဏီများမှာ ATOM ဟုခေါ်သည့် ယခင်က တယ်လီနောမြန်မာ၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

“Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်။ “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စုရဲ့ တင်သွင်းသုံးစွဲနေမှုဟာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါကို အခု အဆုံးသတ်ရမှာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Geedge Networks ကုမ္ပဏီသည် တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နိုင်ကြောင်း JFM ကဆိုသည်။

Justice For Myanmar၏ ယခုအစီရင်ခံစာသည် လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များအပေါ် အခြေခံ၍ ရေးသားကာ ၎င်းအချက်အလက် များသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း Geedge ၏ စီးပွားရေး လုပ်ငန်းများအကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတ်ထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေ

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေကြောင်း Justice For Myanmar(JFM) က သတင်းထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီက အင်တာနက်နှင့် မိုလ်ဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်မည့် “တရုတ်အင်တာနက် ပိတ်ပင်ရေးမဟာရံစနစ်” နည်းပညာကို တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ဝယ်ယူ အကောင်အထည်ဖော်နေကြောင်း၊ Geedge Networks ကုမ္ပဏီသည် တရုတ်အစိုးရအဖွဲ့နှင့် တိုက်ရိုက်ဆက်နွယ်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အကြမ်းဖက် စစ်ဆင်ရေးကို ကျူးလွန်ရန် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း JFM က ဆိုသည်။

Geedge Networks ကုမ္ပဏီက တပ်ဆင်ပေးနေသည့် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံမှာ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်မည်ဟု သိရသည်။

Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်ဟု JFM က ဆိုသည်။

ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်ဟု JFM က ပြောသည်။

Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား လည်ပတ်အသုံးပြုရာတွင် စစ်ကောင်စီ ကိုယ်စား မြန်မာ့ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုက လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။ Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေးကူညီရာ ရောက်နိုင်ကြောင်းလည်း JFM က ဆိုသည်။

ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှု တာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Geedge ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချပေးအပ်သည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန် လိုအပ်ကြောင်းလည်း JFM က ဆိုသည်။

စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်လည်း လိုအပ်နေသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆို ထားသည်။

Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက် ကြားခံပေးသူများ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားသည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စု၏ တင်သွင်းသုံးစွဲနေမှုသည် မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်နိုင်ငံ၏ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး ယင်းလုပ်ရပ်ကို ယခုချက်ချင်း အဆုံးသတ်ရမှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဟု မရတနာမောင်က ပြောဆိုထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *