ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီတယ်လို့ ပေါက်ကိုယ်တော်ရဲ့ လိမ်ညာ သတင်းဖြန့်မှု နှုတ်ခမ်းမွှေး ပြန်ရှင်း

ခြိမ်းခြောက်ခံရတယ်ဆိုပြီး တွေ့ဆုံခွင့်တောင်းလို့ သွားတွေ့တာဖြစ်ပြီး ပေါက်ကိုယ်တော်ကို သူ မသိလို့ ဆို

ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီနေပြီး လူတွေ လွှတ်ပေးထားတယ်လို့ ပေါက်ကိုယ်တော် ခေါ် ပျူစောထီးအဖွဲ့ခေါင်းဆောင် သင်္ကန်းဝတ် ဦးအရိယာဝံသ ဆိုသူက သတင်းဖြန့်နေတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း နှုတ်ခမ်းမွှေး ခေါ် Toon Ratchapakdi က ပြန်လည် ဖြေရှင်းထားပါတယ်။

အာဏာသိမ်း စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ပေါက်ကိုယ်တော် က စက်တင်ဘာ ၈ရက်မှာ ထိုင်းနှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံခွင့်ရပြီးနောက် နှုတ်ခမ်းမွှေးက သူ့ကို ကူညီနေတယ်လို့ လိမ်ညာ သတင်းဖြန့်ထားတာပါ။

ထိုင်းမဘသ လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်းနိုင်ငံသား အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် နှိပ်ကွပ်နေတဲ့ နှုတ်ခမ်းမွှေး‌ ခေါ် Toon က သူ့အနေနဲ့ ပေါက်ကိုယ်တော် ဆိုသူကို မသိသလို သူဘာလုပ်တယ်ဆိုတာကိုလည်း မသိဘူးလို့ ဆိုပါတယ်။

ပေါက်‌ကိုယ်တော်နဲ့ သိကျွမ်းခဲ့တာမျိုး မရှိဘဲ ထိုင်းနိုင်ငံကို ဆေးကုသဖို့ လာရောက်တဲ့ ဘုန်းကြီးတစ်ပါး ခြိမ်းခြောက်ခံနေရတယ်ဆိုပြီး ထိုင်းနိုင်ငံသားတစ်ယောက်ကနေ တဆင့် အကူအညီ တောင်းတာကြောင့် သွားရောက် တွေ့ဆုံခဲ့တာသာ ဖြစ်ကြောင်း မြန်မာနိုင်ငံသား အားလုံးကို ရှင်းပြချင်ပါတယ်လို့ ထိုင်းနှုတ်ခမ်းမွှေး‌ က လူမှုကွန်ယက်ကနေ ရှင်းလင်းထားပါတယ်။

“ငါက ထိုင်းလူမျိုးဖြစ်လို့ မင်းတို့ရဲ့ ပဋိပက္ခအကြောင်းတွေ ငါမသိခဲ့ပါဘူး၊ ထိုင်းလူမျိုးတွေနဲ့ ပတ်သတ်ပြီး မင်းလုပ်နေတာတွေကို ငါကြိုက်တယ်လို့ ပြောတယ်၊ ငါတို့ စကားပြောချင်ပါတယ်လို့ ပြောလာလို့ ငါသွားတွေ့ခဲ့တာပါ၊ သာမန်စကားပြောရုံပါပဲ၊ တခြား အမြင်မတူတဲ့အကြောင်းတွေ မပြောခဲ့ပါဘူး” လို့ ထိုင်းနှုတ်ခမ်းမွှေးက ဖေ့စ်ဘွတ်မှာ ပြန်ရှင်းထားပါတယ်။

‌ပေါက်ကိုယ်တော်က ထိုင်းနှုတ်ခမ်းမွှေးရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သဘောကျကြောင်း၊ အဲဒီအကြောင်းတွေ ပြောချင်ကြောင်းနဲ့ သာမန်စကားပြောရုံလောက်သာ ဖြစ်ပြီး တခြားအမြင်မတူတဲ့အကြောင်းတွေ မပြောခဲ့ဘူးလို့လည်း ထိုင်းနှုတ်ခမ်းမွှေးက ဆိုပါတယ်။

ထိုင်းနှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံခွင့်ရပြီးနောက် ပျူစောထီး ပေါက်ကိုယ်တော်က ထိုင်းနိုင်ငံရောက် မြန်မာပြည်သား တော်လှန်ရေး ထောက်ပို့ တချို့ကို ဖမ်းဆီးခိုင်းဖို့် ထိုင်းနှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ပြောကြားကာ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

အဲဒီလို ပေါက်ကိုယ်တော်ရဲ့ ခြိမ်းခြောက်မှုတွှေကြောင့် ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတို့ ပေါင်းပြီး ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေကို ခြိမ်းခြောက်နေကြောင်း သတင်းမီဒီယာတွေက ဖော်ပြချိန်မှာ ထိုင်းနှုတ်ခမ်းမွှေးက မီဒီယာတွေက သတင်းတွေကို သူနားမလည်ကြောင်းနဲ့ ထိုင်းနိုင်ငံမှာ ဘယ်လူမျိုးပဲ၊ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ဥပဒေကို ချိုးဖောက်ရင် သူ‌အနေနဲ့ တားဆီးမယ်လို့ ဆိုထားပြီး အခု အမှန်တရားကိုလည်း ပြန်လည်ဖြန့်ဝေပေးဖို့ တောင်းဆိုထားပါတယ်။

ပျူခေါင်းဆောင် သင်္ကန်းဝတ် ပေါက်ကိုယ်တော်ဟာ ဆီးချိုသွေးချို ရောဂါဝေဒနာ ခံစားနေရပြီး သွေးတိုးနေတာကြောင့် နှလုံး‌၊ကျောက်ကပ်နဲ့ အသည်းတို့ကို ‌ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ လာရောက်ဆေးစစ်တာဖြစ်တယ်လို့ ပေါက်ကိုယ်တော်နောက်လိုက် ပျူတွေက ဆိုပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *