မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက တရားရုံးထုတ်ပြီး ပြန်လာတဲ့ အချုပ်သား ၇ ယောက် ထွက်ပြေးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သထုံခရိုင်တရားရုံးမှာ မနေ့က ညနေပိုင်းက အမှုစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အချုပ်သားတွေကို ရဲအချုပ်ကားတစီးနဲ့ ဈေးမသွယ်ထောင်ကို ခေါ်ဆောင်သွားပြီးနောက် ထောင်အဝင်ဝအရောက်မှာ ထွက်ပြေးသွားကြတာလို့ ထောင်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
“အဓိက လုံခြုံရေးအားနည်းတာကြောင့်ပေါ့။ ထောင်အရှေ့ ကားလည်းရပ်ရော ခုန်ဆင်းပြီး ထွက်ပြေးကြတာ။ ရဲက အင်အားနည်းတော့ ပြန်ခုခံမှာ ကြောက်လို့ထင်တယ်။ ပစ်ခတ်ဖမ်းဆီးတာ မတွေ့ရဘူး။”
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေမှာ ခိုးဆိုးလုယက်မှုအပါအဝင် လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ကြောင်းနဲ့ အချုပ်သား ၇ ယောက်အနက် ၃ ယောက်ကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့အဝင်အထွက်နေရာတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေမှာ ရှာဖွေပိတ်ဆို့ စစ်ဆေးနေကြောင်း မြို့ခံတွေထံက သိရပါတယ်။


Leave a Reply