ကမ္ဘာစစ်၊ မြေငလျင်များ၊ AI ထွန်းကားမှုနှင့် ဂြိုဟ်သားများလာရောက်မှုဆိုင်ရာ ဘာဘာဗန်ဂါ၏ ၂၀၂၆ အတွက် ဟောကိန်းများ

September 28, 2025

ဓာတ်ပုံ – ဘာဘာဗန်ဂါက သဘာဝဘေးအန္တရာယ်များ ပိုကြုံရမည်ဟုလည်း ဟောကိန်းထုတ်ခဲ့ပြီး မတ်လက လှုပ်ခတ်ခဲ့သည့် မြန်မာ့ငလျင်က ဘာဘာဗန်ဂါ၏ ဟောကိန်း မှန်ကန်ကြောင်း ပြသနေသည်။

WION

ဘာဘာဗန်ဂါသည် ၂၀၂၆ ခုနှစ်အတွက် ထိတ်လန့်ဖွယ်ရာ ကြိုတင်ဟောကိန်းများ ထုတ်ခဲ့သည်။ ဘူလ်ဂေးရီးယားမှ မျက်မမြင် အကြားအမြင်ရ အမျိုးသမီး ဘာဘာဗန်ဂါသည် သူ၏ ရှေ့ဖြစ်ဟောကိန်း များကြောင့် နာမည်ကျော်ကြား လူသိများသူဖြစ်ပြီး အနာဂတ် ကမ္ဘာ့ဖြစ်ရပ်ကြီးများအကြောင်း ကြိုသိ သည်ဟု ဆိုသည်။ ဘာဘာဗန်ဂါက ၂၀၂၆ ခုနှစ်တွင် ကမ္ဘာကြီး အပြောင်းအလဲဖြစ်မည်ဟု ဟောကိန်း ထုတ်ထားသည်။

ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲစေမည့် စစ်ပွဲကြီးတခုဖြစ်မည်ဖြစ်ကြောင်း၊ နည်းပညာက လူသား များကို လွှမ်းမိုးသွားမည်ဖြစ်ကြောင်းနှင့် ဂြိုဟ်သားများနှင့် အဆက်အသွယ် ဖြစ်လာမည်ဖြစ်ကြောင်း ဘာဘာဗန်ဂါက ဟောကိန်းထုတ်ခဲ့သည်။ ဘာဘာဗန်ဂါက သဘာဝဘေးအန္တရာယ်များ ပိုကြုံရမည်ဟု လည်းဟောကိန်းထုတ်ခဲ့ပြီး မတ်လက လှုပ်ခတ်ခဲ့သည့် မြန်မာ့ငလျင်က ဘာဘာဗန်ဂါ၏ ဟောကိန်း မှန်ကန်ကြောင်း ပြသနေသည်။

၂၀၂၆ ခုနှစ်အတွက် ဘာဘာဗန်ဂါ၏ အဓိကဟောကိန်းများအနက် တခုမှာ တတိယကမ္ဘာစစ် အကြောင်း ဖြစ်သည်။ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေ သည်။

ရုရှား-ယူကရိန်းစစ်ပွဲသည် ဆက်ဖြစ်နေဆဲဖြစ်ပြီး အစ္စရေးကလည်း ယခုအခါ ပဋိပက္ခများစွာတွင် ပါဝင် ပတ်သက်နေကာ တရုတ်က ထိုင်ဝမ်ကို ထိုးစစ်ဆင်လာနိုင်သည့် အလားအလာရှိနေသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သော်လည်း ယူကရိန်း စစ်ပွဲကို အဆုံးသတ်ပေးနိုင်ခဲ့ခြင်း မရှိပေ။ ထရမ့်က ရုရှားရေနံဝယ်ယူမှုအတွက် အိန္ဒိယကို အပြစ်ပေး ခြင်းဖြင့် ရုရှားကို အကျပ်ကိုင်ရန်ပင်ကြိုးစားခဲ့သည်။ သို့သော် တင်းမာမှုအခြေအနေများမှာ အရှိန်မြင့် လာနေပုံရသည်။

ဘာဘာဗန်ဂါ၏ တတိယကမ္ဘာစစ် ဟောကိန်း

စစ်ပွဲသည် ကမ္ဘာ့အရှေ့ပိုင်းတွင်စဖြစ်ပြီး အနောက်ပိုင်းသို့ ကူးစက်လာမည်ဟုဆိုသည်။ ယင်းကြောင့် အနောက်နိုင်ငံများပျက်စီးပြီး ပူတင်က ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာလိမ့်မည်ဟု ယူဆပြောဆိုမှုများရှိ သည်။ ရုရှားသမ္မတသည် သြဇာအာဏာကြီးမားသူဖြစ်လာကာ “ကမ္ဘာ့အရှင်သခင်” ဖြစ်လာမည်ဟုထင် ကြေးပေးမှုတချို့ရှိသည်။

ဘာဘာဗန်ဂါ၏ဟောကိန်းကို ယုံကြည်သူများက ပူတင်သည် တတိယကမ္ဘာစစ်ပဋိပက္ခကို ဦးဆောင်သူ ဖြစ်ကာ ထိန်းချုပ်ထားနိုင်သည့်အနေအထားတွင် ရှိနေလိမ့်မည်ဟု မှတ်ယူကြသည်။ တချိန်တည်းမှာပင် အစ္စရေးပဋိပက္ခသည် ပိုမိုကျယ်ပြန့်လာပြီး ပါလက်စတိုင်းအရေးကိစ္စကိုပင် ကျော်လွန်သွားသည်။ ၂၀၂၆ ခုနှစ်တွင် ထိုသို့သော ပဋိပက္ခအားလုံး ချိတ်ဆက်ပေါင်းစည်းမိသွားပြီး တတိယကမ္ဘာစစ် စဖြစ်လာနိုင် သည်။

၂၀၂၆ တွင် ဂြိုဟ်သားများနှင့်အဆက်အသွယ်ရှိလာမည်ဆိုသော ဟောကိန်း

ဘာဘာဗန်ဂါက ၂၀၂၆ ခုနှစ်တွင် လူသားများနေထိုင်ရာကမ္ဘာနှင့် ဂြိုဟ်သားများ အဆက်အသွယ်ရှိလာ မည်ဟုလည်း ဟောကိန်းထုတ်ထားသည်။ ထိုဟောကိန်းမျိုးကို ၂၀၂၅ ခုနှစ်အတွက်လည်း ထုတ်ခဲ့ ဖူးသည်။ အားကစားပွဲတော်ကြီးတခုအတွင်း ဂြိုဟ်သားများနှင့် လူသားများ အဆက်အသွယ်ရှိလာမည် ဟု ဘာဘာဗန်ဂါက ဆိုသည်။

ဘာဘာဗန်ဂါက ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် အာကာသယာဉ်ကြီးတစင်း ကမ္ဘာမြေပေါ်သို့ ဆင်းသက် လာကာ လူသားများနှင့် ဂြိုဟ်သားများအကြား ပထမဆုံး တရားဝင် ဆက်သွယ်မှု ဖြစ်လာမည်ဟုလည်း ဟောထားသည်။ သို့သော် ထိုဟောကိန်းမှာ စိတ်ကူးယဉ်ဆန်ပုံပေါက်သည်။

၂၀၂၆ အတွက် သဘာဝဘေးအန္တရာယ်ဟောကိန်းများ

ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာကြီး ထိခိုက်ပျက်စီးကာ ငလျင်နှင့် မီးတောင် ပေါက် ကွဲမှုဖြစ်ရပ်များ ပိုများလာမည်ဟုလည်း ဘာဘာဗန်ဂါကဟောကိန်းထုတ်ခဲ့သည်။ သဘာဝဘေး အန္တရာယ်များကြောင့် ကမ္ဘာမြေထု၏ ၇ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်းထိ အပြောင်းအလဲဖြစ်သွားလိမ့်မည်ဟု ဘာဘာဗန်ဂါဟောကိန်းကို ယုံကြည်သူများက ခန့်မှန်းကြသည်။ ထို့နောက် ဂေဟစနစ်များ ပျက်စီးကာ ကမ္ဘာ့နိုင်ငံများကို တုန်လှုပ်သွားစေလိမ့်မည်။

၂၀၂၆ အတွက် AI နှင့်ပတ်သက်သော ဟောကိန်းများ

ဘာဘာဗန်ဂါက ၂၀၂၆ တွင် ဉာဏ်ရည်တုနည်းပညာ (AI) ထွန်းကားလာမည့်အကြောင်းကိုလည်း ဟောခဲ့ ပြီး လူသားများကို စတင်ထိန်းချုပ်လာနိုင်သည့်အဆင့်သို့ပင် ရောက်လာလိမ့်မည်ဟု ဆိုသည်။ AI က အလုပ်အကိုင်နေရာများစွာကို အစားထိုးယူကာ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံမှုများနှင့် အခြေခံအကျဆုံး နေ့တဓူဝကိစ္စများအထိ အရာအားလုံးပေါ် သက်ရောက်လိမ့်မည်ဟု ဆိုသည်။

Les Propheties စာအုပ်ကို ရေးသားခဲ့သည် ပြင်သစ်နက္ခတ်ဗေဒင်ပညာရှင် နော့စထရာဒါမတ်စ်က နည်း ပညာနှင့်ပတ်သက်ပြီး အလားတူ ကြောက်စရာကောင်းသည့် ဟောကိန်းများထုတ်ခဲ့ဖူးကာ AI က ၂၀၂၆ ခုနှစ်တွင် ကမ္ဘာကြီးကို စိုးမိုးသွားလိမ့်မည်ဟု ရေးသားခဲ့သည်။

WION မှ Baba Vanga 2026 predictions: World War, earthquakes, rise of AI and alien visit အား Brownie ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *