ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့နယ်များကို စစ်တပ်က ရေကြောင်း လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အာရက္ခတပ်တော် (AA)က အသိပေးမှု ပြုလုပ်ထားသည်။

စစ်သင်္ဘောများက လူနေရပ်ကွက်များ ရွာများအတွင်း အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ကမ်းနီးတနိုင်တပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်သည့် ရေလုပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေရာ စက်တင်ဘာ ၆ ရက်က သံတွဲမြို့ တောင်မကျည်း တိုက်နယ် ဆတ်လည်မျှော်ရွာမှ ရေလုပ်သား ဦးမောင်ကို၊ ဦးကျော်ဝေသန်း၊ ဦးဖိုးနီ၊ ဦးညီညီတို့ကို ရေတပ်မှ ဖမ်းဆီးခဲ့သလို အောက်တိုဘာ ၃ ရက်က ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်မှ ရေလုပ်သား ၂၀ ကျော် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၄ ရက်က စစ်သင်္ဘောမှ အမြောက်ဖြင့် ပစ်သဖြင့် ငပလီကမ်းခြေအနီးနှင့် လင်းရိုး တောင်ထက် ကျရောက် ပေါက်ကွဲခဲ့သလို သံတွဲမြို့ပေါ်ရပ်ကွက်များကို ဗုံးကြဲရာ အမှတ် ၄ ရပ်ကွက်မှ ဦးညီညီ (၄၀ နှစ်) မှာ နေအိမ်၌ ပွဲချင်းပြီး သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၆ နှစ်အရွယ် ကလေး တဦးအပါ အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်း နေရာအချိုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အလားတူ ဂွမြို့နယ် ပုန်းညှက်ရွာ အနောက် ပင်လယ်ပြင်မှ စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ၁၁ ကြိမ်တိုက်ခဲ့သလို အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့အနီး ပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပုံစာ-ပင်လယ်ပြင်တွင် တွေ့ရသော စစ်သင်္ဘောတစီး/ AA Info Desk

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *