ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့တာ၊ အွန်လိုင်းဂိမ်းကစားတာနဲ့ Live လွှင့်ပြီး ဗုဒ္ဓဘာသာ ထိခိုက်ညှိုးနွမ်းစေတဲ့ အပြုအမှုတွေကို ဆက်လက်မလုပ်ဆောင်ဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တားမြစ်လိုက်ပါတယ်။

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ပထမအကြိမ် ဒွာဒသမ အစည်းအဝေးမှာ အခုလို တားမြစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ဖိုးသူတော်များအနေဖြင့် TikTok နှင့် Social Media များပေါ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်ညှိုးနွမ်းစေသည့် သာမဏသာရုပ္ပ မဖြစ်သည့် TikTok ကစားခြင်း၊ Cele လုပ်ခြင်းတို့ကို မပြုလုပ်ရေး ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ) သို့ ညွှန်ကြားသွားရန်” လို့ အစည်းအဝေးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

“အဲဒီစာက ရက်နည်းနည်းကြာပြီ၊ လုံးဝ မသုံးခိုင်းတာမဟုတ်ဘူး၊ တရားမျှဝေတာတွေနဲ့ ကျန်တာတွေအတွက် သုံးလို့ရတယ်၊ ဝိနည်းပျက်တဲ့အထိ လုပ်နေတာတွေကို တားလိုက်တာ၊ အခုထိ ဆက်ရှိနေတုန်းလားဆိုရင် ရှိနေတုန်းပဲ၊ စာသင်တိုက်တွေမှာတော့ နည်းလွန်းပါတယ်” လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ စာသင်တိုက်တစ်ခုက စာချဆရာတော်တစ်ပါးက မိန့်ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် TikTok နဲ့ Facebook စာမျက်နှာတွေမှာ ဘုန်းကြီးနဲ့ သီလရှင်တချို့ဟာ ကြည့်ရှုသူ အမြင်မတင့်ဖွယ် TikTok ဆော့ကစားခြင်းတွေကို လုပ်ဆောင်မှုတွေ ဆက်တိုက်ဖြစ်ပွားလာနေပြီးနောက် သံဃနာယကအဖွဲ့က အခုလို တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – လူမှုကွန်ရက်ပေါ်တွင် ဝိနည်းနှင့်မညီဟု ဝေဖန်ခံနေရသည့် မှတ်တမ်းဓာတ်ပုံများ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *