The Twits

The Twits (2025)

တစ်ခါက တစ်လောကလုံးကို မုန်းပြီး ဘယ်သူနဲ့မှမတည့် အချင်းချင်းလည်း မတည့်ပြန်တဲ့ တွစ်လင်မယားနှစ်ယောက် ရှိပါတယ်။

သူတို့နှစ်ယောက်ကို သဘောထားတိုက်ဆိုင်စေပြီး သူတို့ချစ်တဲ့အရာဆိုလို့ သူတို့ခြံနောက်က တွစ်လန်းဒီးယားဆိုတဲ့ ကစားကွင်းကြီးသာ ရှိပါတယ်။

သူတို့က ဒီကစားကွင်းကြီးကို ဖွင့်ပြီး ကြီးပွားချင်တာပါ။

ဒါပေမဲ့ ကစားကွင်းကြီး မဖွင့်ရသေးခင်မှာပဲ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး အန္တရာယ်ရှိတယ်ဆိုတဲ့အချက်နဲ့ မြို့တော်က ကစားကွင်းကို လာပိတ်သွားခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ တွစ်တို့က တစ်မြို့လုံးကို ဒုက္ခပြန်ပေးဖို့ ကြံစည်ပါတော့တယ်။

ဒီမသမာမှုမှာ ဘီရှာနဲ့ဘက်စီဆိုတဲ့ မိဘမဲ့ကလေးလေးနှစ်ယောက် ပါဝင်လာပြီး သူတို့နှစ်ယောက်က တွစ်တို့ရဲ့ အကြံတွေ အထမမြောက်အောင် လိုက်လံတားဆီးပါတော့တယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *