The Sacred Riana: Beginning

The Sacred Riana: Beginning

The Sacred Riana: Beginning (2019)

၂၀၁၇/၂၀၁၈ ဝန်းကျင်တုန်းက Asia’s got talent ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ audition video တစ်ခုခေတ်စားခဲ့ဖူးတာမှတ်မိသူတွေမှတ်မိကြဦးမှာပါ။

မျက်နှာတစ်ဝက်ဖုံးထားတဲ့ ဆံပင်ရှည်၊ အကြောဆွဲသလိုခေါင်းကိုယမ်းယမ်းပြီး၊ မပွင့်တပွင့်အသံနဲ့စကားပြောတတ်တဲ့ ကျောင်းဝတ်စုံဆန်ဆန်ဝတ်စုံမျိုးနဲ့ အရုပ်ဟောင်းတစ်ရုပ်ကိုလက်မှာဆွဲထားတဲ့ကြောက်စရာမိန်းကလေးတစ်ဦးရဲ့ပြိုင်ပွဲဝင်ဗီဒီယိုပါ။

သူ့ရဲ့ Stage name က The Sacred Riana လို့ခေါ်ပြီး မျက်လှည့်လက်လှည့်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ထူးခြားတဲ့ပင်ကိုဟန်၊ကြောက်စရာကောင်းတဲ့တင်ဆက်ပုံတွေနဲ့မျက်လှည့်ကွက်တွေကြောင့်စင်ပေါ်က ဒိုင်တွေထွက်ပြေးရတဲ့အထိဖြစ်ခဲ့သလိုအဲ့ဒီနှစ်က ပြိုင်ပွဲမှာလည်း Winner ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်ကားကတော့ အဲ့ဒီပင်ကိုစရိုက်မွေးဖွားလာပုံအစကိုဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။

ရီယန်နာဟာ ငယ်စဉ်ကတည်းက သူ့မိဘတွေအလုပ်အကိုင်ကြောင့်ရော သူ့ရဲ့ထူးခြားတဲ့ပုံစံကြောင့်ပါ အပေါင်းအသင်းမရှိတဲ့ အထီးကျန်ကောင်မလေးတစ်ယောက်ပါ။

တစ်နေ့မှာတော့ မီးလောင်မှုကြောင့် သူတို့မိဘတွေရဲ့အိမ်ကြီးကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက် သူ့အဖေရဲ့အစ်ကိုဖြစ်သူ အိမ်ကိုပြောင်းနေတဲ့အခါမှာတော့ သူ့ဘ၀အတွက်ထူးခြားပြီးကြောက်မက်ဖွယ်အတွေ့အကြုံတွေကိုရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပါတယ်။

သူ့ဦးလေးဟာ ရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးဖြစ်ပြီး အိမ်ကြီးရဲ့စတိုခန်းထဲမှာမကျွတ်မလွတ်ဝိဉာဉ်တွေကပ်တွယ်နေတဲ့ ရှေးဟောင်းပစ္စည်းတွေအများကြီးရှိတယ်လို့သိလိုက်ရပါတယ်။

အဲ့ဒီရှေးဟောင်းပစ္စည်းတွေထဲမှာ ဘယ်လိုဝိဉာဉ်တွေရှိနေမလဲ?

ရီယန်နာနဲ့ ဘယ်လိုပတ်သက်မှုတွေရှိလာပြီး သူ့ဘ၀အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲဆိုတာတွေကို ရှုစားရမှာဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *