Joy of Sex

Joy of Sex

Joy of Sex

ဒီကားလေးကတော့ ၁၉၈၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ထွက် ဟာသ (Comedy)၊ အချစ် (Romance)၊ ဆယ်ကျော်သက် (Teen/Coming-of-age) ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ Valley Girl နှင့် Real Genius ကားတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ (Director): မာသာ ကူးလ်ဒစ်ချ် (Martha Coolidge) မှရိုက်ထူးထားပြီး နာမည်ကြီး သရုပ်ဆောင်များ ဖြစ်တဲ့ (Leslie Hindenberg အဖြစ်) မစ်ရှဲလ် မေရင်ခ် (Michelle Meyrink) ၊ – (Alan Holt အဖြစ်)၊ ကင်မရွန် ဒိုင်း (Cameron Dye) ၊ကိုလင်း ကမ့် (Colleen Camp)၊ အာနီ ဟတ်ဒ်ဆန် (Ernie Hudson)၊ (Leslie ရဲ့ ဖခင်၊ Coach Hindenberg အဖြစ်) ခရစ္စတိုဖာ လွိုက်ဒ် (Christopher Lloyd) တို့က ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်း အကျဉ်းချုပ် (Story Line)

ဇာတ်လမ်းအစမှာ လပ်စ်လီ ဟင်ဒန်ဘာ့ဂ် (Leslie Hindenberg – Michelle Meyrink) ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က ဆရာဝန်ဆီ မှဲ့စစ်ဖို့ (mole) သွားပြရာမှ သူဟာ ဆရာဝန်တွေပြောတာကို နားလည်မှုလွဲပြီး “ငါ သေတော့မယ်၊ ရက်ပိုင်းပဲ လိုတော့တယ်” လို့ ထင်မှတ်မှားကာ မသေခင်မှာ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းဖို့ မလုပ်ဘူးတာတွေလုပ်ဖို့ နဲ့ အပျိုစင်ဘဝ (virginity) ကို စွန့်လွှတ်ပစ်ဖို့ အချစ်ကိုတောင် မရှာတော့ဘဲ one night stand ဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။

သို့သော်လည်း သူ့အဖေဖြစ်သူ (ခရစ္စတိုဖာ လွိုက်ဒ် – Christopher Lloyd) ဟာ ကျောင်းရဲ့ ကာယဆရာကြီး ဖြစ်နေတော့၊ သူ့သမီးကို လာကြူမယ့်ကောင်လေးတွေအတွက် ကြီးမားတဲ့ အတားအဆီးဖြစ်နေပြန်ပါတယ်။

ဒါကြောင့် လပ်စ်စီဟာ ကျောင်းကမဟုတ်တဲ့ သူမရဲ့ရည်းစားဟောင်းဖြစ်သူကိုဖုန်းဆက်ကာ အရင်အကြောင်းတွေ ပြန်တွေးမိကြောင်းပြောကာ ပြန်ဆုံဖို့ရန်ချိန်းလိုက်ပါတယ်။

ရည်းစားဟောင်းနဲ့ သင်္ချိုင်းတစ်ခုမှာ ချိန်းတွေ့ခဲ့ကြပြီး ကားထဲမှာတင် လပ်စ်စီဘက်ကပင် ငှက်ပျောသီးစားရဖို့ အတင်းကြံပါတော့တယ်။

တစ်ဖက်မှာလည်း လပ်စ်စီနဲ့ အတန်းသူ အာလန်ဆိုတဲ့ကောင်လေးဟာ အခုအချိန်ထိ လူပျိုဖြစ်နေရလို့ နေ့စဉ်နဲ့အမျှစိတ်ဓာတ်ကျကာ သွားလည်းဒီစိတ်လာလည်းဒီစိတ်ပင်ဖြစ်ကာ သူ့ရဲ့ မြွေလေးတွင်းအောင်းရဖို့ကို အချိန်ပြည့်ကြိုးစားနေပါတယ်။ ထိုစဉ်မှာပဲ သူ့ကိုစိတ်ဝင်စားသူအတန်းဖော်အမျိုးသမီးတစ်ဦးနဲ့ အဆင်ပြေခဲ့ပြီး ညမှာချိန်းတွေ့ခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ ရည်မှန်းချက်တွေ ဘယ်လိုပြည့်ဝသွားမလဲဆိုတာတော့ ဇာတ်ကားလေးကြည့်ရင်းသာ ရှာဖွေလိုက်ကြရအောင်။

ဒီကားလေးမှာတော့ အမေရိကန်တို့ရဲ့ sex ပေါ်မြင်တဲ့အမြင်၊ virgin ပေါ်ထားတဲ့ သဘောထားတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ ကျောင်းသားဘဝတွေကို ကောင်းကောင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *