Son of Muthanna

Son of Muthanna (2025) “ဖေဖေချစ်တဲ့ သားကြီး”

သားဖတွေကြားက ချစ်ခြင်းမေတ္တာကို ထုဆစ်ပုံဖော်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကန်နာဒါရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

အငြိမ်းစားဖခင်ကြီးကို အလုပ်အကျွေးပြုရင်း ရှင်သန်နေတဲ့ ရှီဗူး။

အမေဖြစ်သူ ဆုံးပါးသွားပေမဲ့ ရှီဗူးက အဖေဖြစ်သူကို စိတ်ချမ်းသာပျော်ရွှင်နေအောင်ထားသလို အဖေဖြစ်သူကလည်း သားဖြစ်သူကို မျက်နှာမညှိုးစေရတဲ့သူ။

ရှီဗူးက အဖေဖြစ်သူရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အတွက် အမေဖြစ်သူရဲ့ ပုံတူပန်းချီကားတစ်ချပ် အထူးအပ်ပြီး စပရိုက်စ်တိုက်ဖို့ စီစဉ်ထားပေမဲ့ ရောက်လာတဲ့ပန်းချီကားက ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ပုံဖြစ်နေတယ်။

တစ်နေ့မှာတော့ အိမ်တံခါးကိုလာခေါက်တဲ့ အမျိုးသမီးဒေါက်တာမလေးက အမေဖြစ်သူပန်းချီကားနဲ့ မှားရောက်လာတဲ့ ပန်းချီကားထဲက မိန်းမပျိုလေးဖြစ်နေတဲ့အခါမှာတော့…။


Comments

Leave a Reply

Your email address will not be published. Required fields are marked *