Mr Dread

Mr Dread

Mr Dread (2025) Dehset Bey

Vigilantismဆိုတာ အပြစ်ရှိသူကိုတရားဥပဒေအရမဟုတ်ဘဲနဲ့ ကိုယ်တိုင်တရားစီရင်ခြင်းကိုဆိုလိုတာပါ။

ဒီဇာတ်ကားမှာ တူရကီနိုင်ငံက Vigilantism ဂိုဏ်းသားတစ်ယောက်ရဲ့ ဇာတ်လမ်းကိုစိတ်ကူးယဉ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်….

လူသားဆန်မှုမှန်သမျှကို စွန့်ပစ်ထားတဲ့ လျှို့ဝှက်ဂိုဏ်းက နံပတ် ၁ လုပ်ကြံသတ်ဖြတ်သူဒေးရှက်ဟာ ဘဝမှာ သွေးအေးခြင်း၊ စည်းကမ်းတင်းကျပ်ခြင်းနဲ့အချစ်ကိုပိတ်ပင်ထားခြင်းဆိုတဲ့ သူတို့ဂိုဏ်းရဲ့ စည်းမျဉ်းကျင့်ဝတ်ဘောင်များအတွင်းမှာသာ ရှင်သန်ရပ်တည်ခဲ့သူတစ်ယောက်ပါ။

သူ့အတွက်တော့ အသက်ရှင်ခြင်း ဆိုတာ အမိန့်နာခံခြင်းနဲ့သတ်ဖြတ်ခြင်းသာြဖစ်တယ်လို့ခံယူထားသူပေါ့….

သို့သော်လည်း တစ်နေ့မှာတော့ ဒေါက်တာ အဘီဒဲလို့ခေါ်တဲ့ လှပပြီးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်ဆိုင်တွေ့ဆုံမိတဲ့အခိုက်အတန့်မှာတော့ ဒေးရှက်ရဲ့ ရေခဲလိုအေးခဲနေသော နှလုံးသားကလည်း စတင်လှုပ်ရှားလာပါတော့တယ်…

တစ်ဘက်မှာလည်းဂိုဏ်းရဲ့သံမဏိစည်းမျဉ်းတွေကရှိနေပြန်တော့ ဒေးရှက်တစ်ယောက် အချစ်ကိုခံစားပျော်ရွှင်ဖို့ သူချစ်တဲ့မိန်းကလေးအန္တရာယ်ကင်းဖို့ ဘာတွေရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုတော့…….

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *