Psycho Ex

Psycho Ex

Psycho Ex (2025)

မိတ်ဆွေတို့ဘဝမှာ တစ်စုံတစ်ယောက်ကိုရှေ့မှာထားပြီး ပေါက်ကွဲချင်ပေမယ့် ပေါက်ကွဲလို့မရတဲ့/ဒဲ့ကြီးမပေါက်ကွဲရဲတဲ့ အခြေအနေတွေရှိကြမှာပါ။

ဒါဆိုရင်တော့ ဒီဇာတ်ကားကို မိတ်ဆွေပေါက်ကွဲချင်သူနဲ့အတူတူ ကြည့်ဖို့တိုက်တွန်းပါရစေ။

အနည်းဆုံးတော့သူ့ကိုရှေ့မှာထားပြီး သွယ်ဝိုက်ပြီးပေါက်ကွဲလိုရပါတယ်…

မီဂန်ဟာ သူမရဲ့စိတ္တဇရည်းစားဟောင်းဖြစ်သူ ဒဲရစ်နဲ့ လမ်းခွဲလိုက်ချိန်မှာ အားလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့ ဒဲရစ်အတွက်တော့ ဒီဇာတ်လမ်းက အခုမှအစပဲ ရှိပါသေးတယ်။

တစ်ညမှာ… ဒဲရစ်ဟာ မီဂန်ရဲ့ အိမ်ကို အတင်းအဓမ္မ ဝင်ရောက်လာခဲ့ပါတယ်။

ဒဲရစ်ဟာ မီဂန်ကို သစ္စာဖောက်မှု နဲ့ ပြင်းပြင်းထန်ထန် စွပ်စွဲပြီး အိမ်သူအိမ်သားအားလုံးကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

ဒဲရစ်ဟာ ချစ်သူစွန့်ပစ်သွားတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ပြည့်နှက်နေသူဖြစ်ပြီး သူခံစားခဲ့ရသလို မီဂန်တို့ မိသားစုတစ်ခုလုံးကိုလည်း နာကျင်စေဖို့ ဆုံးဖြတ်ထားပါတယ်။

အိမ်ထဲက လူတိုင်းဟာ သူတို့ရဲ့အကြီးမားဆုံးသော ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်….

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *