Black Money

Black Money (2019)

အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ကေဒရာမာတွေ ချစ်သူတွေနဲ့ မစိမ်းတဲ့ Signal ဇာတ်လမ်းတွဲက မင်းသား Cho Jin-Woongနဲ့အတူ The Fiery Priestထဲက မင်းသမီး Lee Ha-Neeတို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Black Money ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ယန်းမင်ဟျော့(Cho Jin-woong)ဟာ ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံးက ခေါင်းမာပြီး တစ်ဇွတ်ထိုး လုပ်တတ်တဲ့ အမှုစစ်တစ်ဦးဖြစ်ပါတယ်။

တစ်ရက်မှာတော့ သူ စုံစမ်းနေတဲ့ အမှုတစ်ခုထဲက သံသယရှိသူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

သတ်သေသူဟာ မသေဆုံးခင်မှာ အမှုစစ်ယန်းဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲထားတဲ့ စာတိုတစ်စောင်ကို ချန်ထားခဲ့တာကြောင့်အမှုစစ်ယန်းတစ်ယောက် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတော့တယ်။

အမှုစစ်ယန်းဟာ သူ့ရဲ့ နာမည်ကောင်းကို ပြန်လည်ရရှိဖို့အတွက် သတ်သေမှုရဲ့ အကြောင်းအရင်းကို စုံစမ်းထောက်လှမ်းရင်း သတ်သေသူဟာ ဒယ်ဟန်းဘဏ်ရောင်းချမှုနဲ့ ပတ်သက်တဲ့ ငွေကြေးအရှုပ်တော်ပုံတစ်ခုရဲ့ အဓိက သက်သေတစ်ဦးဖြစ်တယ်ဆိုတာကို သိရှိလိုက်ရပါတယ်။

ဒီလိုနဲ့ အမှုစစ်ယန်းဟာ ဒယ်ဟန်းဘဏ်ဘက်က ရှေ့နေဖြစ်သူ ဂင်နာရီ(Lee Ha-Nee)နဲ့ တွေ့ဆုံပြီး နိုင်ငံတော်အဆင့်အထိ လွှမ်းခြုံနေတဲ့ ကြီးမားတဲ့ အကျင့်ပျက်ခြစားမှု၊ လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းရင်း သူ့ရဲ့ အသက်အန္တရာယ်ပါ ကျရောက်လာမဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့…

နောက်ဆုံးမှာ အမှုစစ်ယန်းတစ်ယောက် အမှန်တရားကို ဖော်ထုတ်နိုင်မှာလား….

ငွေများ တရားနိုင်ဆိုတဲ့ စကားအတိုင်း အကျင့်ပျက်ခြစားမှုတွေကပဲ ဆက်ပြီး ကြီးစိုးနေမှာလားဆိုတာကို တော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…


Comments

Leave a Reply

Your email address will not be published. Required fields are marked *