Trillion Game the Movie (2025)

ဒီ ဇာတ်ကားလေးကတော့ ၂၀၂၅ က ထွက်ရှိထားတဲ့ Trillion Game ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်ကားလေးက Romance အငွေ့အသက်လေးတွေပါ၀င်ပြီး ဇာတ်ရှိန်ပြင်းတဲ့ဇာတ်ကားလေးမို ကြည့်ရှုသူတွေ မငြီးငွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ ဟရုနဲ့ဂခုဟာ အင်မတန်ယုံကြည်ရတဲ့သူငယ်ချင်းနှစ်ယောက်ပါ။
သူတို့နှစ်ယောက်ဟာ Trillion Game ဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပေမယ့် ဟရုကတော့ ဒေါ်လာ၁ထရီလီယံပိုင်ဆိုင်ရမယ်ဆိုတဲ့ အိမ်မက်ကို မက်နေပါတယ်။
ဒီအိမ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် ဟရုလည်း မကာအိုက ဝံပုလွေလိုခေါ်တဲ့လောင်းကစားဘုရင်နဲ့ပူးပေါင်းပြီး ဂျပန်မှာ ပထမဆုံးကာစီနိုတစ်ခုတည်ထောင်ဖို ကြံစည်ပါတယ်။
ဒါပေမယ့် ဟရုလိုပဲ အကြံတူနေတဲ့ပြိုင်ဘက်တစ်ယောက်ရှိနေပါတယ်။
ဒါနဲ့ လောင်းကစားဘုရင်လည်း သူ ဂျပန်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့သူနဲ့ ပူးပေါင်းမယ်လိုပြောလိုက်ပါတယ်။
ဒါနဲ့ ဟရုလည်း ကြိုးစားပမ်းစားလုပ်ပြီး လောင်းကစားဘုရင်နဲ့အတူ ဂျပန်က ကျွန်းတစ်ကျွန်းမှာ ကာစီနိုတည်ထောင်နိုင်လိုက်ပြီး ဟရုရဲ့ဒေါ်လာ၁ထရီလီယံပိုင်ဆိုင်ရမယ်ဆိုတဲ့အိမ်မက်ဟာ လက်တကမ်းအလိုရောက်လာပါတယ်။
ဒါပေမယ့် စီးပွားရေးလောကရဲ့ထုံးစံအတိုင်း လောင်းကစားဘုရင်ကို ဒီလုပ်ငန်းတွေကို အကောက်ကြံပြီး သူတစ်ဦးတည်းပိုင်ဆိုင်အောင်ကြိုးစားပါတော့တယ်။
ဒီတော့ ဟရုနဲ့ဂခုတိုသူငယ်ချင်းနှစ်ယောက် သူတိုရဲ့ကုမ္ပဏီကို ကယ်တင်ပြီး ဒေါ်လာ၁ထရီလီယံအိမ်မက်ကို အကောင်အထည်ဖော်သွားနိုင်မလား ဆိုတာကတော့….



Leave a Reply