Blood and Black Lace

Blood and Black Lace

Blood and Black Lace (1964)

“Blood and Black Lace” ကို Mario Bava ရိုက်ကူးပြီး Eva Bartok နဲ့ Cameron Mitchell တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၆၄ ခုနှစ်ထုတ် giallo အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်ဇာတ်လမ်းမှာ ရောမမြို့ရဲ့ဖက်ရှင်ဒီဇိုင်းအိမ်က မော်ဒယ်လ်‌တွေကို မျက်နှာဖုံးစွပ် လူသတ်သမားတစ်ဦးက ရက်ရက်စက်စက် သတ်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားပါတယ်။

ရောမမြို့ရဲ့ ဖက်ရှင်ဒီဇိုင်းအိမ်တစ်ခုဖြစ်တဲ့ Christian Haute Couture မှာ အလုပ်လုပ်နေတဲ့မော်ဒယ်လ်တွေထဲက Isabella ဟာညဘက်မှာ ဖက်ရှင်အိမ်ထဲလမ်းလျှောက်နေစဉ် မျက်နှာဖုံးဖြူ၊ ဦးထုပ်အနက်နဲ့ ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားတဲ့ လုပ်ကြံသူတစ်ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်
ရဲအရာရှိ Silvestri က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တယ်။

အဲဒီကနေသေဆုံးသူက ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ မကောင်းမှုတွေကို အသေးစိတ်ရေးမှတ်ထားတဲ့ ဒိုင်ယာရီစာအုပ် တစ်အုပ်ကို သိမ်းဆည်းထားကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်အဲဒီလိုကနေ မော်ဒယ်လ်တွေ တစ်ယောက်ပြီးတစ်ယောက် မုဒိန်းကျင့်ခံရပြီး သေဆုံးတဲ့ အနေအထားနဲ့ ကွင်းဆက်လူသတ်မှုဆက်တိုက်ဖြစ်လာခဲ့တယ်။

လူသတ်သမားဟာ ရဲအရာရှိထင်ထားတဲ့ အမျိုးသားတွေထဲက တစ်ဦးဖြစ်မလား မထင်မှတ်ထားသူတွေထဲက ဖြစ်နေမလား လူသတ်သမားကိုကော ဖမ်းမိနိုင်ပါ့မလား ဘယ်လိုဇာတ်သိမ်းသွားမလဲ ဆိုတာ သည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့် giallo ကားလေးပဲဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *