အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ တရုတ်သံရုံးမှာ အမေရိကရောက် မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြမြန်မာတွေဟာ “WE SAY NO TO SHAME ELECTIONS” ၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပြုနဲ့” စာသားတွေကိုင်ဆောင်ကာ တရုတ်သံရုံးရှေ့မှာ ဦးစွာ ကြွေးကြော်ဆန္ဒပြခဲ့ပြီးနောက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့သို့ ချီတက်ခဲ့ကြပါတယ်။
မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးတို့အတွက် ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။








ဓာတ်ပုံ- KyawSoe Latt


Leave a Reply