Love 911 (2012)

ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ အားလုံးရဲ့ အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Go Soo နဲ့ မင်းသမီးချော Han Hyo Joo တို့ရဲ့ 2012 ခုနှစ်ထွက် rom-com ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဥ်းကတော့ ..
ခပ်သွက်သွက် နှလုံးခွဲစိတ်ဆရာဝန်မလေးနဲ့ မီးသတ်သမားတစ်ယောက်ရဲ့ ရိုရိုချိုချိုကိုမှ ဒရာမာလေးနည်းနည်းရောထားတဲ့ အချစ်ဇာတ်လမ်းလေးပါ ။
ဂိုမီဆူ ( Han Hyojoo ) ဟာ သွက်သွက်လက်လက်ရှိတဲ့အပြင် တစ်ဇွတ်ထိုးလည်းနိုင်တဲ့ နှလုံးခွဲစိတ်ဆရာဝန်မလေးဖြစ်ပါတယ် ။
တစ်ရက်မှာတော့ သူ့ရဲ့ ဒီလို တစ်ဇွတ်ထိုးနိုင်တဲ့အကျင့်ကြောင့်ပဲ လူနာကို ရောဂါအမည်မှားတပ်မိပြီး တရားစွဲခံရတော့မယ့် အခြေအနေအထိ ဖြစ်လာခဲ့ပါတယ် ။
ဒါ့အပြင် လူနာရှင်ကလည်း သွေးပူပြီး လာသောင်းကျန်းတဲ့အချိန်မှာ မီးသတ်တပ်ဖွဲ့က ဝင်တားရင်း ကယ်ဆယ်ရေးသမား ချွန်းဂန်အီ ( Go Soo ) ကို ထိုးကြိတ်မိသွားတာမို့ ဆရာဝန်မလေး ဂိုမီဆူဟာ သူ့ပြစ်ဒဏ်လျှော့ပေါ့ဖို့အရေး လူနာရှင်ကို ပြန်တရားစွဲခံရအောင် ကြိုးစားဖို့ ဖြစ်လာခဲ့ပါတယ် ။
ဒါပေမဲ့ မီးသတ်သမားချွန်းဂန်အီက တရားစွဲဖို့ကို တုပ်တုပ်မလှုပ်တဲ့အခါမှာတော့ .. အလုပ်လည်း ယာယီရပ်နားခံလိုက်ရတဲ့ ဂိုမီဆူဟာ မီးသတ်တပ်ဖွဲ့ထဲကို လုပ်အားပေးအဖြစ် ဝင်လိုက်ပါတော့တယ် ။
ပျက်တိပျက်ချော်နဲ့ တစ်ချိန်လုံး ပြဿနာတွေရှာနေတတ်တဲ့ ဂိုမီဆူ နဲ့ ရေခဲတုံးလို အေးတိအေးစက် ချွန်းဂန်အီတို့ရဲ့ ကြောင်နဲ့ ကြွက်လို တကျက်ကျက် ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးအဆုံးမှာ ဘာတွေဖြစ်လာမှာလဲ ။
ဂိုမီဆူ ရောဂါအမည်မှားတပ်လိုက်တဲ့လူနာကရော ဘာဖြစ်သွားမှာလဲ ။
မီးသတ်တပ်ဖွဲ့ကို နောက်ခံယူထားတဲ့ ဇာတ်လမ်းဖြစ်တဲ့အလျှောက် အန္တရာယ်အမျိုးမျိုးကြားထဲက ရိုမန့်လေးတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားရမှာပဲဖြစ်ပါတယ် ။



Leave a Reply