Spotlight

Spotlight (2015)

2015 တုန်းက အော်စကာရခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ IMDb 8.1 ရရှိထားပါတယ်။

ကမ္ဘာကြီးကို တုန်လှုပ်သွားစေတဲ့ သတင်းကြီးတစ်ခုကို ထုတ်ပြန်လိုက်တဲ့ စပေါ့လိုက်အဖွဲ့ရဲ့ အတွေ့အကြုံတွေကို ပြသထားတာပဲ ဖြစ်ပါတယ်။

အဲဒီသတင်းကတော့ ကတ်သလစ် ဘုရားကျောင်းအဖွဲ့က ဘုန်းတော်ကြီးတွေက ယောက်ျားလေး ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိနေတဲ့ သတင်းအပြင် အကြီးပိုင်းက သိလျက်နဲ့ လျစ်လျူရှုထားတာကိုပါ ဖော်ထုတ်ပြနိုင်ခဲ့လို့ တစ်ကမ္ဘာလုံး ပွဲဆူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ စပေါ့လိုက် သတင်းထောက်အဖွဲ့ရဲ့ ကြိုးစားမှုတွေ၊ ကျူးလွန်ခံရသူတွေရဲ့ ခံစားချက်တွေ၊ ရှေ့နေနဲ့ ဂုဏ်သရေရှိလူကြီးတွေရဲ့ ဘက်လိုက်မှုတွေ၊ ဖိအားတွေကို သေချာပြသထားတာ တွေ့ရမှာပါ။

တကယ်ကို တစ်ထိုင်တည်း မရပ်တမ်း ကြည့်ချင်စရာ ရုပ်ရှင်တစ်ခုပါပဲ။ မကြည့်ရသေးရင် ခံစားကြည့်လိုက်ကြပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *