1-9-9-5

1-9-9-5

1995 (2024)

1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။

ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။

IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။

ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။

ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။

အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *