Elf in the Hood

Elf in the Hood (2024)

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် Horror/Thriller အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

မာလိခ် နဲ့ ဂျေဒါ တို့က ဆေခ့် လို့ခေါ်တဲ့ ဂန်းစတားခေါင်းဆောင်တစ်ယောက်ဆီမှာ အကြွေးတင်နေပါတယ်။

‌အကြွေးပြန်မဆပ်ရင် အသက်အန္တရာယ်ရှိနေတာကြောင့် မသက်သာတဲ့အဆုံး ဆေ့ခ်ပိုင်တဲ့ ပစ္စည်းတွေထဲက အရုပ်တစ်ခုကို ခိုးပြီးတော့ ရှေးဟောင်းပစ္စည်းစုဆောင်းသူဆီမှာ ပြန်ရောင်းဖို့ ဖြစ်လာပါတယ်။

သူတို့ မသိခဲ့တာကတော့ ဂျူဂျူ လို့ခေါ်တဲ့ အဲဒီအရုပ်ဟာ ကျိန်စာသင့်နေတဲ့ ရှေးဟောင်းအရုပ်ဖြစ်နေပြီး အရုပ်ထဲက မကောင်းဆိုးဝါးကို မတော်တဆ လွှတ်ပေးလိုက်မိသလိုဖြစ်သွားတာပါပဲ။

ဂျူဂျူ အရုပ်ဟာ သူ့ကိုစွဲကပ်နေတဲ့ ဝိညာဥ်အပေါ် မကောင်းမှုလုပ်ထားတဲ့သူတွေကို လိုက်အပြစ်ပေးတတ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျိန်စာသင့်အရုပ်ပါ။

ဒီ ကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ခရစ်စမတ်ပွဲတော်နေ့မတိုင်ခင်အထိ အသက်ရှင်နိုင်အောင် ကြိုးစားရမှာဖြစ်ပြီး ခရစ်စမတ်နေ့ နေထွက်ချိန်ရောက်တာနဲ့ အရုပ်ရဲ့ စွမ်းအင်က ပျက်ပြယ်သွားမှာပါ။

ဒီဇာတ်ကားလေးထဲမှာ ပြဿနာကို မီးထွန်းရှာတဲ့ မာလိခ် နဲ့ ဂျေဒါတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ….


Comments

Leave a Reply

Your email address will not be published. Required fields are marked *