Fairyland

Fairyland (2025)

ဒီကားဟာ ၂၀၂၅ ခုနှစ်တွင် ကျင်းပသော Provincetown အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ “အကောင်းဆုံး ဇာတ်လမ်းရုပ်ရှင်အတွက် ပရိသတ်အနှစ်သက်ဆုံးဆု” (Audience Award for Best Narrative Feature)ဆုကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

၁၉၇၃ ခုနှစ်မှာ ကားမတော်တဆမှုကြောင့် မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အလီရှာ နှင့်သူမ၏လိင်တူချစ်သူဖခင် စတိဗ် တို့ဟာ ဆန်ဖရန်စစ္စကိုမြို့ကိုပြောင်းရွေ့လာခဲ့ကြပါတယ်။

စတိဗ် ဟာ ကဗျာစာရေးဆရာဖြစ်ပြီး သူ့ရဲ့ ဇနီးကွယ်လွန်ပြီးနောက် သူ့ရဲ့ဖြစ်တည်မှုအတိုင်းရှင်သန်ပြီး သူ့ရဲ့သမီးလေးကိုပျိုးထောင်ရင်းလွတ်လပ်ပွင့်လင်းစွာနေထိုင်ခဲ့ပါတယ်။

သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ လူနေမှုပုံစံကြောင့် သူ့သမီးနဲ့သူ့ကြားမှာ ပဋိပက္ခ ဖြစ်ခဲ့ရပြီး အလီရှာဟာ တက္ကသိုလ်တက်ဖို့ နယူးယောက်ကိုထွက်သွားပါတော့တယ်။

အလီရှာဟာ အနုပညာရှင်၊ စာရေးဆရာ တွေနဲ့ပြည့်နှက်နေတဲ့လောကမှာလည်းကျင်လည်ခဲ့ရပုံ သူမ၏ ဖခင်အပါအဝင် အခြားသောပတ်ဝန်းကျင်ကသူတွေကို သေဆုံးစေခဲ့တဲ့ AIDS ရောဂါကိုလည်းမျက်မြင်တွေ့ရှိခဲ့ရပုံတွေ ဘယ်လိုပဋိပက္ခတွေပဲဖြစ်ထားဖြစ်ထား ဖခင်သေဆုံးခါနီး အနားမှာပြုစုပေးရင်း ဖခင်နဲ့သမီးကြားက သံယောဇဥ် လိင်တူချစ်သူဖခင်တစ်ယောက်အနေနဲ့ ဇနီးကွယ်လွန်ပြီးနောက် သမီးအပေါ်ဘယ်လိုမေတ္တာတွေထားရှိခဲ့ပုံတွေကို ကြည့်ရှုခံစားလိုက်ပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *