Death Knot

Death Knot (2021)

တစ်ခုသောညတစ်ညမှာ ဟာရီနဲ့ အီကာဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ တစ်ခုတည်းသော အိမ်မက်ကို တစ်ချိန်တည်း တစ်ထပ်တည်းမြင်မက်ခဲ့ကြပါတယ်။ အဲ့ဒီအိမ်မက်ကတော့ သူတို့နှစ်ယောက်ရဲ့မိခင်ဟာ တောအုပ်ကြီးထဲက သစ်ပင်ကြီးတစ်ပင်မှာဆွဲကြိုးချသတ်သေသွားခဲ့ပြီး မသေခင်မှာ ဝေးဝေးနေလို့ပြောသွားခဲ့တာပါ။

နောက်တစ်နေ့မနက်မှာပဲ သူတို့ဦးလေးဆီက သူတို့မိခင်သေဆုံးကြောင်းအကြောင်းကြားလာတဲ့အတွက် ဇာတိရွာကိုပြန်ခဲ့ကြရပါတယ်။ ရွာကိုပြန်ရောက်ချိန်မှာတော့သူတို့ရဲ့မိခင်ဟာ တစ်ရွာလုံးက ရွံကြောက်ကြတဲ့ အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး ဘယ်သူမှ အဆက်အဆံမလုပ်လိုကြကြောင်း၊ သူတို့နှစ်ယောက်ကိုပါ မိခင်ရဲ့မျိုးဆက်ဖြစ်တဲ့အတွက် ဘယ်သူကမှ မပတ်သက်ချင်ကြောင်းတွေကို တစ်စတစ်စသိလာပြီး နောက်မှာတော့ရွာထဲမှာ သူ့အမေသေဆုံးပုံအတိုင်းထပ်တူဆွဲကြိုးချသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။

နာမည်ကျော် Pulung Gantung ဒဏ္ဍာရီကိုခပ်ပါးပါးအခြေခံထားတဲ့ ဇာတ်ကားနောက်တစ်ကားဖြစ်ပါတယ်။ ဒဏ္ဍာရီအလိုအရတော့ ပူလွန်ဂန်တွန်းဆိုတာ ကောင်းကင်ကနေ မြေပြင်ပေါ်ကျဆင်းလာတဲ့ မီးလုံးကြီးဖြစ်ပြီး အဲ့ဒီလမ်းကြောင်းနဲ့တိုက်ဆိုင်သူတွေဟာ စိတ်ဓာတ်ကျခြင်းတွေပြင်းပြင်းထန်ထန်ခံစားကြရပြီး ကိုယ့်ကိုယ်ကိုသတ်သေကြတယ်လို့အယူရှိပါတယ်။

ဒါဟာ အင်ဒိုနီးရှားရဲ့ကိုယ့်ကိုယ်ကိုသတ်သေမှုအမြင့်မားဆုံးဖြစ်တဲ့ ဂူနွန်ကီဒူးလ်ခရိုင်မှာနှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တဲ့အယူဖြစ်ပြီး အခုချိန်ထိလည်း သက်ဝင်ယုံကြည်သူတွေရှိနေကြဆဲဖြစ်ပါတယ်။ လက်တွေ့နဲ့နီးစပ်မှုရှိမရှိကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်ကြပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *