📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Dune (1984)

Frank Herbertရဲ့ နာမည်ကျော် Duneဝတ္ထုတွဲတွေကို ရိုက်ထားတဲ့ အစောဆုံးက Dune (1984) ပါပဲ။ ရိုက်တဲ့ ဒါရိုက်တာကလည်း GOATကြီး ဒေးဗစ်လင့်ချ်ပေမဲ့ တော်တော်ဝေဖန်ခံလိုက်ရတဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့တယ်။ ဖရန့်ဟားဘတ်က ၁၉၆၅မှာ ပထမဆုံးစာအုပ်ဖြစ်တဲ့ Dune ကို ထုတ်ခဲ့ပြီး မဆုံးခင် ၁၉၈၆မတိုင်ခင်အထိ နောက်ဆက်တွဲ ငါးအုပ် ဆက်ထုတ်ခဲ့တယ်။ ဆုံးပြီးတဲ့နောက်မှာလည်း သူ့သားက ဟားဘတ်ရဲ့ ယူနီဗာ့စ်ကြီးကို ဆက်ချဲ့ထွင်နေတုန်းပါပဲ။ ရုပ်ရှင်အနေနဲ့တော့ Denis ရဲ့ ၂ကားနဲ့ ဒီတစ်ကားနဲ့မှ ၃ကားပဲရှိပြီး ပထမအုပ်ကို ရိုက်ပြထားတဲ့ Dune (2000)နဲ့ ဒုတိယအုပ်နဲ့ တတိယအုပ်ကိုရောရိုက်ပြထားတဲ့ Children of Dune (2003)တို့ကို ထုတ်ခဲ့တယ်။ ၁၉၇၁မှာ အားလုံးထက် ရိုက်ဖို့လုပ်ခဲ့တာအစောဆုံးနဲ့ မဖြစ်လာခဲ့တဲ့ Jodorowskyကတော့ ဒိုကူမန်ထရီအနေနဲ့ ထုတ်ထားသေးတယ်။ သူက သီချင်းအတွက် Pink Floydတို့ Magmaတို့ကို ထည့်ဖို့လုပ်ခဲ့ပြီး ပန်းချီဆရာဒါလီတို့ အော်ဆန်ဝဲလ်တို့ကိုပါ ခေါ်သုံးဖို့လုပ်ခဲ့တာပါ။ ဖြစ်လာခဲ့ရင်တော့ ရှယ်ပဲနေပါမယ်။ဆိုပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့ Laurentiisဆိုတဲ့ အီတလီပရိုဂျူဆာပါ။ သူက ဖရန့်ဟားဘတ်ကို ဇာတ်ညွှန်းသွားရေးခိုင်းပြီး Ridley Scottကို ငှားခဲ့ပါတယ်။ ဆိုပေမဲ့ စကော့က နှုတ်ထွက်သွားပြီး ဖြစ်မလာခဲ့ပါဘူး။ ဒီနောက် သူကပဲ လင့်ချ်ကို ကမ်းလှမ်းခဲ့တယ်။ လင့်ချ်က ဇာတ်ညွှန်းကို ပြန်ပြင်ပြီး ၂ကားစာ ခွဲထုတ်ခဲ့ပေမဲ့ တကယ်တမ်း တစ်ကားတည်းအဖြစ် ကျုံ့သွားခဲ့တယ်။ အဖြစ်အပျက်လည်း သိပ်မစုံခဲ့ဘူး။ပြထားတာကလည်း ဝေဝါးလွန်းသွားခဲ့တယ်။ ဒီလိုနဲ့ ဝေဖန်ခံရဖို့ ဖြစ်လာခဲ့တယ်။ တကယ်တမ်း လင့်ချ်က Dune Messiahကိုပါ ဆက်ရိုက်ဖို့ ရေးခဲ့သေးပါတယ်။ နောက်တော့ ဒန်းနစ်ရဲ့ဆုပေါင်းများစွာရခဲ့တဲ့ Dune ၂ကား ထွက်လာတာပါပဲ။

Frank Herbertရဲ့ တင်ဆက်ချင်ပုံကလည်း စွန့်စားခန်းကားထက် နိုင်ငံရေးဘက် ပိုနွယ်တယ်လို့ ဆိုကြတယ်။ လင့်ချ်ကတော့ Surrealဆန်တဲ့ တင်ဆက်ပုံတွေလည်းပါပေမဲ့လို့ အာကာသစွန့်စားခန်း ရုပ်ရှင်သက်သက်လိုမျိုး အောင်ပွဲသက်သက်နဲ့ ကယ်တင်ရှင်ကြီးက အရာအားလုံးကို ကယ်ချလိုက်သလို အဆုံးသတ်လိုက်တာက ဆန့်ကျင်သွားတာကြောင့်လည်း ပါပါလိမ့်မယ်။ ဖရန့်ဟားဘတ်အနေနဲ့တော့ ပေါလ်ကို အဓိကဇာတ်ကောင်အနေနဲ့ ထားခဲ့တာတောင် မဟုတ်ဘူးလို့ဆိုကြတယ်။ ဖရန့်ဟားဘတ်ရဲ့ တည်ဆောက်မှုကို ဒန်းနစ်က ပိုသစ္စာရှိခဲ့တယ်လို့ ပြောကြတယ်။ လင့်ချ်ရဲ့ ပေါလ်ကာရိုက်တာက လူကောင်းသက်သက်ဖြစ်နေတာကြောင့်လည်း ပါပါလိမ့်မယ်။ အဆုံးမှာ စာအုပ်ထဲတော့ မင်းသမီးအီရူလန်နဲ့ လက်ထပ်သွားပြီး ဒန်းနစ်ရဲ့ Part 2ထဲလည်း အတူတူပဲပေမဲ့ လင့်ချ်ရဲ့Duneထဲတော့ ချာနီနဲ့ပဲ လက်ထပ်ပြီး ကယ်တင်ရှင်ကြီးသက်သက်လိုပဲ အဆုံးသတ်ထားတာကြောင့်လည်းပါပါလိမ့်မယ်။ ပြောရရင် ကာရိုက်တာကို ပုံဖော်ထားတာလည်း မလုံလောက်ခဲ့တဲ့အပြင် ကာရိုက်တာကို ပုံဖော်ရာကနေလာတဲ့ ကာရိုက်တာရဲ့ ရွေးချယ်မှုကိုလည်းပြင်ချပစ်လိုက်တာက ဒီဇာတ်ရဲ့ ဖရန့်ဟားဘတ်ပေးချင်ခဲ့တဲ့ မူရင်းရည်ရွည်ချက်ပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်အရန်ဇာတ်ကောင်တွေမှာလည်း Duncan တို့ Thufir တို့ဆို မပေါ်သလောက်ပါပဲ။ လေဒီဂျက်ဆီကာ သစ္စာဖောက်အဖြစ် သံသယဝင်ခံရတဲ့အခန်းလည်း ပြုတ်ပါတယ်။ သစ္စာဖောက်က ဘာမှမဟုတ်သလိုပေါ်လာပြီး ဘာမှမဟုတ်သလို ပျောက်သွားသလိုဖြစ်နေတာအပါအဝင် ကာရိုက်တာတွေကို ပုံဖော်ရာမှာ မလုံလောက်ခဲ့တဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဆိုပေမဲ့ အဲဒီခေတ်မှာ ဘယ်လိုအခြေအနေတွေရှိလဲ မသိနိုင်တော့ ထားလိုက်ပါတော့။

ဆိုလို့ ဒီကားက လုံးဝကြည့်မကောင်းတဲ့ကားတော့ မဟုတ်ပါဘူး။ အင်တာတိန်းမန့်ပိုင်းအရဆို အာကာသစွန့်စားခန်းကားတစ်ကားအနေနဲ့ ကြည့်ကောင်းတယ်။ နောက် ဒီကားမှာ အရမ်းနားလည်ရခက်တာတော့ မပါလှပါဘူး။ ဘာလို့ဆို လင့်ချ်က စာအုပ်ကြီးကို ရွတ်ပြသွားတဲ့အခန်းတွေလည်း မနည်းဘူး။ ဆို‌တော့ နောက်ခံသမိုင်းကအစ အကုန်ပြောပြပြီးသားပါပဲ။ ပြောရရင် Duneရဲ့ကျောရိုးကို ရှောရှောရှုရှုနဲ့ ကြည့်ပျော်ရှုပျော် သွတ်သွင်းနိုင်တယ်ပြောရမယ်။ ပြုတ်တဲ့အခန်းတွေပြုတ်တာက တစ်ပိုင်းပေမဲ့ တကယ်လို့ နည်းနည်းဇာတ်လေးနေတဲ့ ဒန်းနစ်ရဲ့၂ကားကို မကြည့်ရသေးဘူးဆိုရင်တော့ ဒါကို အရင်ကြည့်ကြည့်လိုက်ပါ။ ကြည့်ပျော်တော့ အေးဆေးကြည့်လို့ဖြစ်မှာပါပဲ။ ဇာတ်အိမ်ကိုလည်း ရှင်းရှင်းလင်းလင်းနားလည်သွားမှာပါပဲ။ ပြီးကျမှ ကာရိုက်တာပုံဖော်ပုံမှာ လိုနေတာတွေကို ဒန်းနစ်ကားရဲ့ တဖြည်းဖြည်းချင်းတည်ဆောက်ထားတဲ့ ကာရိုက်တာတွေမှာ ပြန်ကြည့်လိုက်ရင်တော့ ရင်းနီးပြီးသားလူတွေကတော့ စာအုပ်အထိပါ ရင်းနီးပြီးသားပေမဲ့ ဒီယူနီဗာ့စ်ကို မရင်းနီးသေးတဲ့ ပျင်းနေသေးတဲ့လူတွေပါ စိတ်ဝင်စားလောက်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်