All About Ah-Long

All About Ah-Long

All About Ah-Long (1989)

တရုတ်မင်းသားကြီး Chow Yun Fat ရဲ့ old but gold ဇာတ်ကားဖြစ်တဲ့ All about Ah Long ကို တင်ဆက်ပေးချင်ပါတယ်။

အားလုံဟာ အရင်က professional biker ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ သူ မတော်တဆမှုဖြစ်ပြီးကတည်းက ခြေတွေလက်တွေကို စတီးချောင်းထည့်လိုက်ရတဲ့အတွက် အရင်အလုပ်ကိုပြန်မလုပ်နိုင်တော့ဘဲ သားဖြစ်သူ ပေါ့ကီနဲ့ပဲ အတူနေပြီး ဆောက်လုပ်ရေးအလုပ်ကို ကြုံရာကျပန်းဝင်လုပ်ခဲ့ပါတယ်။ သားအဖနှစ်ယောက် တစ်နေ့စာတစ်နေ့ဝင်ငွေထွက်ငွေမျှအောင်လုပ်နေရတဲ့အချိန်မှာ အဖေဖြစ်သူလိုမျိုး ဆိုင်ကယ်စီးကျွမ်းတဲ့ သားဖြစ်သူပေါ့ကီကို အေဂျင်စီတစ်ခုက မျက်စိကျပြီး ပေါ့ကီနဲ့ ကြော်ငြာရိုက်ဖို ကမ်းလှမ်းပါတော့တယ်။ ဒါပေမဲ့ ကမ်းလှမ်းတဲ့သူက အားလုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဆိုးရွားစွာအဆက်ဖြတ်ခဲ့တဲ့ ရည်းစားဟောင်း ပေါ်ပေါ်ဖြစ်နေတဲ့အခါ 。。。

အားလုံတစ်ယောက် အဆက်ဟောင်းနဲ့ ပြန်လည်အဆင်ပြေနိုင်မလား။ သားငယ်လေးနဲ့ရော အဆင်ပြေသွားမလား။ IMDb 7.3/10 နဲ့ RT မှာ 88% တောင်ရရှိထားတဲ့ Romance, drama ဇာတ်လမ်းလေးဖြစ်တာကြောင့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်စရာအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *