This Is Spinal Tap

This Is Spinal Tap

This Is Spinal Tap (1984)

“This Is Spinal Tap” ရုပ်ရှင်လေးက ၁၉၈၄ ခုနှစ်၊ မတ်လ ၂ ရက် မှာထုတ်လုပ်ထားတဲ့ (Mockumentary – သရော်မှတ်တမ်းရုပ်ရှင်) အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Rob Reiner ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Christopher Guest, Michael McKean, Harry Shearer, Rob Reiner နဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာအဖြစ် Marty DiBergi တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

This Is Spinal Tap ရုပ်ရှင်လေးဟာ ရော့ခ်ဂီတလောကကို သရော်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပုံစံ (Mockumentary) ဟာသကား ဖြစ်ပြီး ယနေ့ခေတ် Mockumentary ရုပ်ရှင်တွေရဲ့ ဖခင်လို့လည်း သတ်မှတ်ခံထားရပါတယ်။

ရုပ်ရှင်မှာ ဇာတ်ညွှန်းကို အကြမ်းဖျင်းသာ ရေးဆွဲထားပြီး၊ သရုပ်ဆောင်အများစုက သူတို့ရဲ့ စကားပြောတွေ(dialogues) နှင့် ဟာသတွေကို (jokes) ကိုယ်တိုင် အမှန်တကယ် သရုပ်ဆောင်ရင်း ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။

ရုပ်ရှင်ထွက်ပြီးတဲ့ အစောပိုင်းကာလတွေမှာဆိုရင် လူအချို့ဟာ Spinal Tap အဖွဲ့ကို တကယ်ရှိတဲ့ ဗြိတိသျှ heavy metal ဂီတအဖွဲ့အဖြစ်ပင် အမှန်တကယ် ယုံကြည်ခဲ့ကြပါတယ်။

သရုပ်ဆောင်တွေကလည်း ရုပ်ရှင်ထွက်ပြီးနောက်နှစ်များစွာအထိတိုင် ဖျော်ဖြေပွဲများ (concerts) မှာ Spinal Tap အဖွဲ့ဝင်များအဖြစ် တကယ်ဖျော်ဖြေခဲ့ကြပါသေးတယ်။

ဇာတ်လမ်း အကျဉ်းချုပ် (Story Line)

This Is Spinal Tap ဟာ ဗြိတိသျှ heavy metal/hard rock အဖွဲ့ဖြစ်တဲ့ “Spinal Tap” ရဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့”Smell the Glove” ခရီးစဉ်ကို နောက်ခံပြုထားတဲ့ မှတ်တမ်းရုပ်ရှင်ပုံစံ ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူ မာတီ ဒီဘာဂီ (Marty DiBergi) ဟာ အဖွဲ့ကို နီးနီးကပ်ကပ် လိုက်လံရိုက်ကူးခဲ့ပြီး အဖွဲ့ရဲ့ ပေါက်ကရလုပ်ပုံတွေ၊ အမေရိကန်ဈေးကွက်မှာ အဖွဲ့ရဲ့ ရောင်းအားကျဆင်းခဲ့ပုံတွေ၊ ဖျော်ဖြေပွဲတွေမှာ ပရိသတ်မရှိလို့ မီးစင်ကြည့်ကခဲ့ရတာတွေ၊ ရုတ်တရက် ဒရမ်တီးသူတွေ မကြာခဏ ထူးထူးဆန်းဆန်းသေဆုံးခဲ့တာတွေနဲ့ အဖွဲ့ဝင်တွေကြား တစ်လွဲခေါင်းဆောင်မှုတွေနဲ့ ပြဿနာများစွာကို ဟာသမြောက်စွာ ဖော်ထုတ်ပြသထားပါတယ်။

အောင်မြင်လာတာနဲ့အမျှ ဂီတအဖွဲ့ကြီးတွေရဲ့ မာနကြီးလာတာတွေ၊ ပျက်ယွင်းလာတာတွေကိုလည်း ပြောင်ပြောင်မြောက်မြောက် သရော်ထားပါသေးတယ်။ ရော့ခ်ဂီတကို ချစ်မြတ်နိုးတွေအတွက်တော့ ရော့ခ်ဂီတလောကရဲ့ မိုက်မဲမှုတွေနဲ့ လက်တွေ့ကြားက ခြားနားချက်တွေကို ထင်ရှားအောင်ဖော်ပြပေးထားတာမို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *