Cursed (2025)

ဗီတာတို့မိသားစုလေးဟာ မိခင်၊ ဖခင်၊ ဗီတာနဲ့ သူ့မောင်ငယ်လေးတို့သာရှိပြီး စည်းလုံးနွေးထွေးတဲ့ ပျော်စရာမိသားစုလေးဖြစ်ပါတယ်။
ဗီတာရဲ့ဖခင်ကတော့ရုံးဝန်ထမ်းဖြစ်ပြီးသူ့အမေကတော့ ဆံပင်ညှပ်ဆိုင်တစ်ခုဖွင့်ပြီးအလုပ်များတတ်သူပါ။
တစ်နေ့တော့ အချိန်အခါမဟုတ် အိမ်ပြန်လာတဲ့ဗီတာဟာ သူ့ဖခင်နဲ့တစ်ခြားအမျိုးသမီးတစ်ဦးတို့ကို မဖွယ်မရာမြင်လိုက်ရပြီးနောက်မှာတော့ အခြေအနေတွေဇောက်ထိုးပြောင်းပြန်ပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်။
နောက်တစ်ပတ်မှာတော့ ဗီတာရဲ့ဖခင်ဟာ အလုပ်ကိစ္စနဲ့နယ်ကိုထွက်သွားပြီး သူတို့သားအမိသုံးယောက် ပုံမှန်လည်ပတ်ကြပေမယ့် အိမ်နီးချင်းတွေကတော့ တစ်စုံတစ်ရာကိုသတိထားမိလာပြီး သူတို့ကိုနောက်ကွယ်မှာ တီးတိုးစကားဆိုစပြုလာပါတယ်။
အဲ့ဒီထဲကမှ သူတို့ရဲ့အိမ်နီးချင်းတစ်ဦးက သူတို့အဖေထွက်သွားတာ တစ်နှစ်ခွဲကြာခဲ့ပြီဖြစ်ကြောင်း ပြက္ခဒိန်နဲ့သေချာထောက်ပြလာတဲ့အချိန်မှာတော့ ဗီတာတို့သားအမိအံ့ဩလွန်းမက အံ့ဩသွားကြရပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့စိတ်ထဲမှာ တစ်ပတ်ထက်မကြာသေးဘူးလို့အမြဲတမ်းယူဆထားခဲ့ကြလို့ပါပဲ။
ဒါတွေဟာ အဖြစ်အပျက်တွေရဲ့အစသာရှိသေးပြီး ပိုမိုဆိုးဝါးပြီးကြောက်စရာ ရက်စက်လှတဲ့ ကံတရားက သူတို့သားအမိတွေအတွက်စောင့်ကြိုနေပါသေးတယ်။
ဇာတ်လမ်းကတော့ ခင်ပွန်းကိုလိုချင်တဲ့အတွက် သူ့ရဲ့အိမ်ထောင်ကိုဖျက်ဆီးရုံတင်မက တစ်မိသားစုလုံးကိုပါ စီးပွားပျက်၊ လူသေတဲ့အထိ အောက်လမ်းအတတ်နဲ့လုပ်ကြံတဲ့မိန်းမယုတ်တစ်ယောက်အကြောင်းပါ။
အဲ့ဒီလိုကြောက်စရာပညာတွေကိုဘယ်လိုအရာနဲ့ယှဉ်ပြိုင်အနိုင်ယူမလဲ တရားတဲ့ဘက်ကရော အမြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ရှုစားရမှာဖြစ်ပြီး အခုခေတ်စားနေတဲ့ တီဗွီဇာတ်လမ်းတွဲတွေထက် ပိုပြီးလောင်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။


Leave a Reply