Solitarium

Solitarium (2025)

ဒီဇာတ်ကားလေးကတော့ အထီးကျန်ဆန်နေပြီး စိတ်ထွက်ပေါက်ရှာသူတွေ psycho လိုမျိုး ပဟေဠိဆန်တဲ့ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်လိုကောင်းမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့အကြောင်းအရာကတော့ တစ်ယောက်တည်းအမြင်မဟုတ်ပဲ အများအမြင်ရဲ့ တစ်ဦးချင်းဆီခံစားနေရတဲ့ အထီးကျန်မှုတွေကို ဘယ်လိုဖြေသိမ့်ကြလဲ ဘယ်လိုနည်းလမ်းရှာကြလဲဆိုတာကိုပြသထားပါတယ်။

အာသာမော်ဟန်လိုခေါ်တဲ့ စိတ်ရောဂါကုပညာရှင်ကြီးဆီမှာ စိတ်ရောဂါအမျိုးမျိုးကြောင့် လာရောက်ကုသရင်းကနေ သူတိုရဲ့ဘဝက ဘယ်လိုတွေချိတ်ဆက်နေလဲ စိတ်ရောဂါရှိတဲ့ လူနာတစ်ယောက်က လူမှု‌ရေးစစ်ဆေးမှုကုမ္ပဏီကို ဘယ်လိုတွေလှည့်ဖြားပြီး အာသာရဲ့ လုပ်ရပ်ကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်လိုကောင်းမဲ့ယ့် ဇာတ်လမ်းလေးဖြစ်ပြီး ဒီလိုလူတွေ စိတ်ထွက်ပေါက်ရှာရင် ဘာလုပ်ကြလဲဆိုတာကိုတွေ့မြင်ရတဲ့ psychology ဆန်ဆန်ကားလေးကို အားလုံးပဲ ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *