KNU က စုံစမ်းစစ်ဆေးရေးလုပ်နေသော ကျားဖြန့် ခြံဝင်းသို့ စစ်တပ်က လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အပြင် ကျားဖြန့်လုပ်သားများကလည်း မီးများရှို့ကာ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေဟု KNU သတိပေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာရှိ Shunda Park ကျားဖြန့် ငွေလိမ်ခြံအတွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် နေရပ်ပြန်ရန် ကြောက်ရွံ့နေသည့် ကျားဖြန့်လုပ်သား များကလည်း ခြံဝင်းအတွင်းတွင် မီးများ ရှို့ကာ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် KNU သတိပေးထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၂၅ မိနစ်အချိန် စစ်တပ်က ၆၀ မမ လက်နက်ကြီးများဖြင့် ကျားဖြန့် Shunda Park ငွေလိမ်ခြံဝင်း အ တွင်းသို့ ၂ လုံးပစ်ခတ်ခဲ့ရာ ခြံဝင်းအတွင်းရှိ KNU ၏ မြေပြင် အရပ်သား အကဲဖြတ် အဖွဲ့ဝင်များ အပါအဝင် လူတချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ် အချိန် က လည်း မင်းလက်ပံ ဒေသသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအမြောက်အလုံးပေါင်း ၇ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး ၃ လုံးမှာ သောင်ရင်းမြစ်တစ်ဖက်ခြမ်း ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက် ကွဲ ခဲ့ပြီး ထိုင်းနိုင်ငံမှ အရပ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန် ၄ လုံးမှာ သောင်ရင်းမြစ်ကမ်းပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မင်းလက်ပံ ဒေသအနီး တိုက်ပွဲများမှ လွှင့်စင်လာသော ဗုံးဆန်များ နှင့် ကျည်ဆန်များကြောင့် ထိုင်းဘက်ခြမ်းရှိ လူနေအိမ် ၉ လုံးမှာ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ အကြမ်း ဖက်စစ်တပ်က Shunda Park ရှိရာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းသည် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNLA မြေပြင် တပ်မှူးများက မှတ်ချက်ချထားသည် ဟု ဆိုသည်။
ထိုသို့ လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်းကြောင့် ထိုင်းအာဏာပိုင်များက စာသင် ကျောင်း အချို့ကို ပိတ်ခဲ့ပြီး မဲဆောက်ရှိ ထိုင်း – မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်ကို ၇ ရက်ကြာ ပိတ်သိမ်း သည်ဟု ကြေညာခဲ့ကြောင်း၊ မြန်မာဘက်ခြမ်း မင်းလက်ပံဒေသရှိ ရပ်ရွာလူထု တစ်ရပ်လုံးသည် လည်း ၎င်းတို့ ၏ နေအိမ်များမှ ထွက်ခွာခဲ့၍ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရကြောင်း သိရ သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ Shunda Park ငွေလိမ်ခြံဝင်းကို KNU တပ်များ စတင်ထိန်း သိမ်း ပြီးကတည်းက အာဏာသိမ်းစစ်တပ်က ၎င်းငွေလိမ်ခြံဝင်းအနီးတွင် အနည်းဆုံး လေကြောင်းတိုက် ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်က ၁၂၀ မမ လက်နက်ကြီး ၁ လုံးသည် Scam ခြံဝင်းအတွင်း ကျရောက်ခဲ့ပြီး ကျန် ၃ လုံးသည် Shunda Park scam ခြံဝင်းမှ နေရပ်ပြန်ရန်ထွက်ခွါလာသူများစွာ ယာယီခိုလှုံရာနေရာအနီး သောင် ရင်းမြစ် ကမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် Shunda Park အတွင်း ကျန်ရှိနေသူများကလည်း ခြံဝင်းတွင်းတွင် တစ်နေ့လုံးလိုလို မီးရှို့ ခြင်းဖြင့် ခြံဝင်း အတွင်း မငြိမ်မသက်မှုများဖြစ်အောင် ဆက်တိုက်လှုံ့ဆော်နေကြောင်း၊ ထိုသို့ လှုံ့ ဆော်နေသူများသည် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များမှ တစ်ဆင့် နေရပ်နိုင်ငံသို့ ပြန်နိုင်ရန် KNU က စီစဉ်ပေးသည်ကို ငြင်းဆန်ခဲ့ကြ သကဲ့သို့ ခြံဝင်းတွင်းမှ ထွက်ခွာရန်လည်း ငြင်းဆန်ခဲ့ကြ သူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၎င်းတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ခွာ ခွင့်ပြုရန် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ် များဖြင့် အခြား Scam ခြံဝင်းများသို့ သွားခွင့်ပေးရန် နည်းမျိုးစုံဖြင့် ဖိအားပေးတောင်းဆိုမှု များ လည်းပြုလုပ်လာကြောင်း KNU ဗဟိုက အသိပေးထားသည်။
ယင်းမှာ Shunda Park နှင့် အနီး တစ်ဝိုက်ရှိ လုံခြုံရေးအခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့် တရား ဥပဒေ နှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ကျန်ရှိနေသူများ အနက်မှ အများအပြားသည်လည်း ညအချိန်တွင် နံရံပေါ်သို့ ခုန်ကျော်ပြီး အပြင်သို့ထွက်ပြေးခဲ့ကြ ကြောင်း ဆက်လက် အသိပေးထားသည်။
ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် Shunda Park ခြံဝင်းတွင်း မိမိသဘော ဖြင့် ကျန်ရစ်နေ ထိုင်သူ များနှင့် မလိုလားအပ်သော ထိပ်တိုက်ရင်ဆိုင်မှုများမဖြစ်စေရန်နှင့် ပိုမိုပြင်း ထန်လာသော စစ်ပွဲများ၏ဒဏ်ကို ခံစားနေကြရသော ထိုင်း – မြန်မာနယ်စပ် နှစ်ဖက်စလုံးမှ အရပ် သားပြည်သူများ အပါအဝင် Shunda Park ခြံဝင်းအတွင်းရှိနေသူများ၏ ဘေးကင်းလုံခြုံရေးကို အဓိကထားကာကွယ် စောင့်ရှောက်ရန်အလို့ငှါ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို ဆက်လက်လုပ်ဆောင် သွားရန် အာဏာအပ်နှင်း လိုက်ကြောင်း ဆက်လက်၍ အသိပေးထားသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို လူသားချင်းစာနာထောက်ထားမှုနှင့် မြေပြင် လုံခြုံရေးဆိုင်ရာ အရေးပေါ်လို အပ်မှုများအပေါ် အခြေခံ၍ အရပ်ဖက်နှင့်စစ်ဘက်ခေါင်းဆောင်များ သေချာစွာ ချင့်ချိန်သုံးသပ်၍ ချ မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် Shunda Park ငွေလိမ်ခြံဝင်းမှ ကျန်ရှိ ရာဇဝတ်သား ဟု သံသယ ရှိသူများကို ဖယ်ရှားနိုင်ရေးနှင့် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံတကာ အာ ဏာပိုင်များထံ သီး သန့်ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့သော်လည်း နိုင်ငံတကာ၏ တုန့်ပြန်မှု မှာ နှေးကွေးနေကြောင်း ထောက်ပြထားသည်။
၎င်းတို့ကို စနစ်တကျ ခေါ် ထုတ်နိုင်ရေးအတွက် အဆင့်မြင့် လေ့ကျင့်ထားသော တရားဥပဒေစိုးမိုး ရေးနှင့် လုံခြုံရေးဝန်ထမ်း များမှ အင်အားသုံးရန် လိုအပ်သည့် အဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး KNU ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း၊ ဤကဲ့သို့ ပိုမိုဆိုးရွားလာသော လုံခြုံရေးအခြေအနေ တွင် သက်ဆိုင်ရာ နိုင်ငံတကာ အာဏာ ပိုင်များ၏ အချိန်မီပူးပေါင်းဆောင်ရွက်မှု မရှိပါက ရာဇဝတ် သားဟု သံသယရှိသူများကို တရားခွင်သို့ ခေါ် ဆောင်လာနိုင်မည့် အခွင့်အရေးသည်ဆုံးရှုံးပြီး၊ ပြန် လည်ရရှိရန် မလွယ်တော့ကြောင်း KNU ဗဟိုက အသိပေးထားသည်။
KNU မြေပြင်အဖွဲ့မှလည်း IT ပစ္စည်းကိရိယာ ရှာဖွေတွေ့ရှိသမျှကို ဖြုတ်သိမ်း နိုင်ပြီးဖြစ်၍ Shunda Park တွင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအားလုံးသည် လုံးဝရပ်တန့်သွားပြီ ဖြစ်ကြောင်း၊ သိမ်းယူထားသော သက်သေခံပစ္စည်း များကိုလည်း နောက်ပိုင်းတွင် စနစ်တကျစုံစမ်းစစ်ဆေးမှု များ ပြုလုပ်နိုင်ရေးအတွက် Shunda Park ပြင်ပသို့ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် Shunda Park တွင်းမှ ထွက်ခွာလိုသူ နောက်ထပ် ၂၅ ဦးကို သောင်ရင်းမြစ်ကမ်းကို ဘေးကင်းစွာခေါ်ထုတ်ပေးခဲ့ကြောင်း၊ ထိုကြောင့် Shunda Park အတွင်း စာရင်းကောက်နိုင်ခဲ့သူ ၃.၅၈၂ ဦး အနက် ၂.၆၆၅ ဦး ကို ဘေးကင်းစွာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီ ဖြစ် ကြောင်း သိရသည်။
၎င်းတို့အနက်မှ ၂,၄၆၀ ဦးကို သက်ဆိုင်ရာအာဏာပိုင်များ ၏ ပူးပေါင်းပါဝင်မှုဖြင့် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်နိုင်ငံခြားသား ၂ဝ၂ ဦးမှာ သောင်ရင်းမြစ်ကမ်းတွင် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေသူများကို KNU မှ နေ့စဉ် အစားအ သောက်များ စီစဉ်ပေးလျက်ရှိသည်သကဲ့ သို့ Shunda Park တွင် ကျန်ရှိနေသူများ အတွက်လည်း ထမင်းထုပ် များကို တစ်နေ့လျှင် နှစ်ကြိမ် (တစ် ကြိမ်လျှင် လူ ၈၀၀ စာ) စီစဉ်ပေးခဲ့ကြောင်း သိရသည်။


Leave a Reply