Hong Hoon (2014)

ဒီဇာတ်ကားလေးမှာတော့ 2014မှာထွက်ရှိထားပြီး အစ်ကိုဖြစ်သူ“နုပ်”နဲ့ ညီမဖြစ်သူ”နစ်”ဆိုပြီးမောင်နှမ၂ယောက်ရှိပါတယ် “နုပ်”က ခြေထောက်ကျိုးပြီးလမ်းမလျှောက်နိုင်တဲ့ ညီမဖြစ်သူ”နစ်”ကိုပြုစုစောင့်ရှောက်ခဲ့တယ်။
တစ်နေ့မှာ”နစ်”ကတိုက်ပေါ်ကနေခုန်ချတယ် အဲ့နေ့ကနေစပြီး”နုပ်”ကစိတ္တဇဖြစ်သွားပြီး တစ်ရက်တစ်ရက် အခန်းထဲမှာပဲနေပြီးအိမ်ပြင်မထွက်ဘဲ နေနေခဲ့တယ် ။
တစ်နေ့မှာ “ပရာဖုပ်”ဆိုတဲ့နာမည်ကြီးမြှားပစ်အားကစားသမားတစ်ယောက်ဆုံးသွားပြီး သတင်းထဲပါလာတော့ “ပရာဖုပ်”ရဲ့သမီးဖြစ်သူ”ဖလွယ်” ကို “နုပ်”က ပုံစံတူရုပ်ထု ထုထားတဲ့လူတိုင်းကသေတယ်ဆိုပြီးပြောပြခဲ့ပါတယ်။
အစကတော့ “ဖလွယ်”ကမယုံပါဘူး နောက်တော့ ပုံစံတူရုပ်ထု ထုထားတဲ့လူကတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့တယ် အဲ့ကနေစပြီး “ဖလွယ်” က ရုပ်ထု လုပ်တဲ့လူကိုမြေလှန်ရှာပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကို ရင်ခုန်စွာ အတူကြည့်ရှူကြရအောင်နော်……


Leave a Reply