A Very Jonas Christmas Movie

A Very Jonas Christmas Movie

A Very Jonas Christmas Movie (2025)

Christmas နားလည်း နီးလာပြီဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Christmas ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နာမည်ကြီး Jonas Brothers တွေ ဦးဆောင်ပါဝင်ထားတဲ့ A Very Jonas Christmas Movie ဆိုတဲ့ ကားလေးပါ။

ဇာတ်လမ်းကတော့ နာမည်ကြီး ညီအစ်ကို သုံးယောက် London ကနေ New York ကို အသည်းအသန် ခရီးနှင်ကြပုံကို ရိုက်ပြထားတာပါ။

သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ၊ Christmas နေ့မှာ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ အချိန်မီ အတူရှိနေနိုင်ဖို့ပါပဲ။

ဒါပေမဲ့ ဒီခရီးလမ်းက သူတို့ထင်သလို ချောချောမွေ့မွေ့မဖြစ်ဘဲ အလွဲတွေ၊ အခက်အခဲတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ၊ အချိန်မီ အိမ်ပြန်ရောက်ပါ့မလားဆိုတာကို ဟာသလေးတွေနှောပြီး ကြည့်ရမယ့် ကားမျိုးပါ။

Disney+ က ထွက်တဲ့ကားဖြစ်ပြီး နာမည်ကြီးအဆိုတော် Jonas Brothers (Kevin, Joe, Nick) တို့ သုံးယောက်လုံး ပါဝင်သရုပ်ဆောင်ထားတာမို့ သူတို့ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့မယ့် ကားလေးလို့ ဆိုရမှာပါ။

Christmas မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် Feel-good ကားလေးတစ်ကား ဖြစ်ပါတယ်ဗျ။


Leave a Reply

Your email address will not be published. Required fields are marked *