Pose (2025)

James McAvoy ကြီးရဲ့ Thriller ကားသစ်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ စနေတနင်္ဂနွေအားလပ်ရက်မှာ အပန်းဖြေအိမ်တစ်လုံးမှာ နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေဖို့ ကောင်မလေးဖြစ်သူအဆိုတော်ရဲ့ အယ်လ်ဘမ်ကာဗာအတွက် ဓာတ်ပုံရိုက်ဖို့၊ စိတ်ကူးကွန့်မြူးဖို့ထွက်လာတဲ့စုံတွဲတစ်တွဲ၊ သူတို့အပန်းဖြေရမယ့်အိမ်မှာ အိမ်ကြီးရှင်တစ်ဖြစ်လဲ အကျော်ဒေယျဓာတ်ပုံဆရာကြီး သောမတ်စ် (James McAvoy)နဲ့သူ့ကောင်မလေးက ရောက်နှင့်နေပါတယ်။
အဲ့ဒီလိုနဲ့အချင်းချင်း စကားတွေပြောကြ၊ အယူအဆတွေဖလှယ်ကြရင်း ဂုဏ်သိက္ခာတွေ၊ မာနတွေ၊ ခံစားချက်တွေ ပွတ်တိုက်မိကြပုံပါပဲ။
Experimental film ဖြစ်တဲ့အတွက် သမားရိုးကျဇာတ်ကားတွေရဲ့တင်ဆက်ပုံနဲ့တော့ကွဲထွက်နေမှာပါ။
ကင်မရာမြင်ကွင်းတွေရုတ်တရက်ပြောင်းလဲသွားတာမျိုး၊ စကားပြောနောက်ကျတာ၊ အသံထွက်နဲ့မကိုက်တာ၊ ကင်မရာမြင်ကွင်းမှာစကားပြောသူကိုမတွေ့ရတာ၊ ဖိုးကပ်စ်အောက်နေတာမျိုးတွေကစလို့၊နားလည်ရခက်တဲ့ ဇာတ်လမ်းသွား သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ကိုယ်တိုင်ခံစားသက်ဝင်ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။



Leave a Reply