Mango (2025)

Mango ဆိုတဲ့ဇာတ်ကားလေးကတော့ အလုပ်ပဲလုပ်နေပြီးရည်မှန်းချက်ကြီးတဲ့ဒိန်းမတ်သူလေးရဲ့ စပိန်နိုင်ငံက သရက်ခြံမှာ ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးအကြောင်း ရိုက်ကူးထားတဲ့ ဟာသ၊ အချစ်၊ ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
ဇာတ်လမ်းလေးကတော့ ရည်မှန်းချက်ကြီးတဲ့ ဟိုတယ်မန်နေဂျာ လာကီဟာ သူ့ရဲ့သူဌေး ဂျိုးရဲ့ စေလွှတ်ချက်အရ စပိန်နိုင်ငံ မက်ဂ်လာဂါမြို့ကိုသွားပြီး အဲလက်ဆိုသူ ပိုင်ဆိုင်တဲ့ သရက်ခြံမှာ ဟိုတယ်တည်ဆောက်ဖို့ အဲလက်ခြံကိုဝယ်ယူရန်ညှိနှိုင်းကြိုးပမ်းရမှာဖြစ်ပါတယ်။
ရှားရှားပါးပါးရတဲ့အားလက်ရက်မှာ သမီးဖြစ်သူ အန်းနတ်နဲ့အတူခရီးသွားမယ်လို့ ကတိပေးထားပြီးကာမှ အလုပ်ကိစ္စရှိတဲ့နေရာပဲ လိုက်လာရတဲ့အတွက် အန်းနတ်ကလဲ မကျေမနပ်ဖြစ်နေပါတယ်။
သရက်ခြံကိုရောက်တော့ အဲလက်ကလဲမရောင်းဘူးဆိုပြီးခေါင်းမာနေပြီး သူတို့ရဲ့ ကြားကတင်းမာမှုတွေကနေ မမျှော်လင့်ထားတဲ့ခံစားချက်တွေပေါ်ပေါက်လာပြီး ဘယ်လိုအချစ်ဇာတ်လမ်းတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။



Leave a Reply